Sunday, August 23, 2009
အလွမ်းပြေ
ဆရာ သမီးတို့တွေ မနေ့က ဆုံဖြစ်ကြတယ်....။ ဒီလို ၄ယောက်ဆုံဖြစ်ဖို့က တကယ်ကိုမလွယ်ပါဘူး အားလုံးကိုယ်စီကိုယ်ငှ အလုပ်တွေနဲ့ ရှုပ်နေကြတော့ တွေ့ဖို့ချိန်းရင် ပျက်တာကများပါတယ် ။ သမီးတို့တွေဆုံပြီး ဓါတ်ပုံတွေရိုက်တော့ ဆရာ့ကိုတော်တော်သတိရမိတယ် ။ လွန်ခဲ့တဲ့ ၄နှစ်လောက်ကလည်း ဒီ၎ယောက်ကို ဆရာကိုယ်တိုင်ကမ်းခြေမှာ ဓါတ်ပုံတွေရိုက်ပေးတာကိုလည်း ပြန်သတိရမိတယ်..။
ဆရာပျိုးထောင်ပေးတဲ့ပန်းလေးတွေ သူများနိုင်ငံမှာ အောက်မကျပဲအလုပ်လုပ်နိုင်ပြီလေ ဆရာ ....။ သမီးတို့ရဲ့သမိုင်းမှာ ဆရာပါဝင်ခဲ့တဲ့ အခန်းတွေကို ဘယ်တော့မှကျော်သွားလို့ရမယ် မထင်ပါဘူး....။ ၄ယောက်စလုံးထွက်သွားတာ ကျွန်တော့လက်တွေကိုဖြုတ်သွားသလို ခံစားရတယ်လို့ ဆရာကြီးဦးခင်မောင်တင့်ကို ပြောခဲ့တဲ့ဆရာ့အသံကို အခုထိအမှတ်ရနေဆဲပါ ။ ၂နှစ်လောက်ရှိတဲ့အချိန်ထိ ဖုန်းပြောတိုင်းဆရာပြောနေကျ ခင်ဗျားတို့၎ယောက်လိုမျိုး ကျွန်တော်ဘယ်တော့မှ မရနိုင်တော့ဘူးဆိုတဲ့ စကားကလေ သမီးတို့တွေ တာဝန်မကျေသလိုကို ခံစားနေရဆဲပါ ။
ဆရာ့ဆီမှာ လုပ်ခဲ့တဲ့၂နှစ်လုံးလုံး စိတ်ဆင်းရဲမှုဆိုတာ မရှိပဲ ဆရာစားမချန် တပည့်တွေကို ချော့လို့တစ်မျိုး ခြောက်လို့တစ်သွယ် တစ်ချို့အပိုင်းတွေမှာ မသိသလိုနေပြီး တပည့်တွေကို ဆုံးဖြတ်ရဲအောင် လမ်းကြောင်းပေးခဲ့တာတွေကို အခုထိမှတ်မိနေတုန်းပါပဲ ။ ဆရာ့ကျေးဇူးတွေအကြောင်းပြောရမယ်ဆိုရင် သမီးဘလော့လေးတောင်ပြည့်သွားနိုင်ပါတယ် ။ ဒါပေမယ့်မနေ့က ၄ယောက်ဆုံတုန်း ဆရာ့ကိုအားလုံးသတိရနေတာကတော့ ဖွင့်မပြောပေမယ့် အားလုံးရဲ့စိတ်ထဲမှာ ထပ်တူညီတဲ့ခံစားမှုလေးပါပဲ ။ သမီးတို့အားလုံး ဆရာလာလည်မယ့်အချိန်လေးကို မျှော်နေကြသလို ဆရာကျန်းမာပါစေလို့ နေ့စဉ်ဆုတောင်းပေးရင်း ဆရာ့အလွမ်းပြေပို့စ်လေးတစ်ပုဒ် တင်လိုက်မိတယ်ဆရာ.....။
7 comments:
  1. အဝါရောင်လေး က ဘယ်သူလဲ ဘယ်ကလဲ ကွယ်..
    အပြာရောင်လေး က ဘယ်သူလဲ ဘယ်ကလဲ ကွယ်..
    အဖြေမှန်လေး ပြောပါအုံး
    ReplyDelete
  2. ဆရာ့ကို တို့ တောင် သတိယသွားပြီ သိပ်တော်ပြီး စေတနာကောင်းတဲ့ဆရာမလို့  ဘ၀မှာ မှတ်၂ယ၂ရှိနေတာ သစ်တို့ လွမ်းလိုက်တာ အဲ့ညနေက အရှေ့ ဖက်ကမ်းခြေ ရေနည်းနည်းတက်သွားတယ် (တကယ်တော့ အာခိမိဒိ နိယာမကြောင့်ပါကွယ် အဲငှယ် အဲငှယ်)
    ReplyDelete
  3. သစ်က တော်တယ်။
    ဆရာတွေကိုလဲ သတိတရနဲ့။
    အပေါ်က အာခိမိဒိ နိယာမ ဆိုတာကိုဖတ်မိတော့ ရီမိပါတယ်။
    သစ်က တော်တော် ချစ်စရာကောင်းတာ။
    ReplyDelete
  4. ဆရာက ဒီဘော်ဒီတွေဖြစ်အောင်ကျွေးမွေးခဲ့တာကိုး ဆရာကတော့ပိန်မယ်ထင်တယ် ဟက်ဟက်
    ReplyDelete
  5. စလုံးမြေကြီး ပင်လယ်ရေမျက်နှာပြင်နဲ့  ၁ လက်မနီးသွားပြီးဆိုတာ အဲ့ဒါပြောတာ ဗစ်ရေ အဲ့ဒါပြောတာ (အရင်ပိုစ့်က အမည်မသိက တို့ နှော့) မသိမှာစိုး၍
    ReplyDelete
  6. ရော့ အင့် အာခိမိဒိနိယာမ မသိကြသေးရင် http://www.grc.nasa.gov/WWW/K-12/WindTunnel/Activities/buoy_Archimedes.html (ပုံ / မေဖလားဝါးမဟုတ်)
    ReplyDelete
  7. အဲဒီ4ယောက်ထဲ့မှာမမသစ်သစ်ကဘယ်သူလည်းဟင်
    ပြောပြကြပါနော်သိချင်လိုပါ
    ကျော်ဇင်
    ReplyDelete