Tuesday, March 9, 2010

ဒီရေဒီမြေသို့ တစ်ခေါက်-၃

၁၆.၂.၁၀ နေ့မနက် နိုးလာတော့ အိမ်ကအဖေကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းကို သွားခဲ့တယ် ။ ဆရာတော်ကိုဖူးမြော်ရင်း လှူထားတန်းထားတဲ့ အခန်းတွေလိုက်ကြည့်ရင်း ကျောင်းထိုင်ဘုန်းဘုန်းနဲ့ စကားစမြည်ပြောရင်း မနက်၁၁နာရီကျော်တော့ သစ်သစ်ချစ်တဲ့ဆရာ့အိမ်ကို သွားဖို့ချိန်းထားခဲ့တယ်လေ ။ ဒါနဲ့ပဲ ဆရာတော်ကို လျှောက်ထားရင်း ဘုန်းကြီးကျောင်းကနေ အဖေနဲ့ပြန်ခဲ့လိုက်တယ်လေ ။

အိမ်ဝင်ခဏနားပြီးတာနဲ့ ဆရာနေတဲ့ ကိုးမိုင်ကသီရိကွန်ဒိုကို ချီတက်ခဲ့တယ်ဆိုပါတော့ ။ သစ်သစ်ရောက်တော့ ဆရာမရှိပါဘူး ဆရာ့တပည့်တွေပဲရှိတော့ ဆရာကိုခဏစောင့်ရပါတယ် ။ ဟန်းဖုန်းခေါ်လိုက်ရင် အဆင်ပြေပေမယ့် အနှောင့်အယှက်ဖြစ်မှာစိုးလို့ ဆရာ့အိမ်ကနေပဲ စောင့်နေလိုက်တော့တယ် ။ သစ်သစ်ရေးထားပေးတဲ့ ကျောင်းသားစာရင်းစာအုပ်လေးကလည်း မပြောင်းလဲသေးဘူး ပြီးတော့ဆရာရဲ့အလုပ်တွေ ဟိုကြည့်ဒီကြည့် ပြီးတော့ဆရာ့လပ်တော့တွေ ၀င်မွှေနေတုန်းမှာပဲ ဆရာရောက်ကလာခဲ့တယ်လေ ။ တွေ့တာနဲ့ဆရာက သစ်သစ်ကိုဝလာတယ်ဆိုတဲ့အကြောင်းတွေ ဟိုမှာဘယ်လိုဆိုတဲ့အကြောင်းတွေ ဘေးကနေပြောနေတာပေါ့ သစ်သစ်ကတော့ ဆရာ့ဖုန်းကိုယူ ဓါတ်ပုံတွေစစ် ဖုန်းဘာတွေပြောထားလဲစစ် ဟိုကြည့်ဒီကြည့်လုပ်ပလိုက်တယ် စိတ်ချရမှ ဆရာ့ကိုဖုန်းပြန်ပေးတော့ ဆရာကသစ်သစ်ကို ရီတော့တာပဲလေ ။ နောက်ဆရာ့ကို နောက်နှစ်၂ယောက်ဖြစ်တာ မြင်ချင်တယ်လို့ ရာဇသံပေးခဲ့လိုက်တာပေါ့ ဘယ်ရမလဲ ။ နောက်ကွမ်းစားတာကရော တစ်နေ့ဘယ်လောက်လဲ ရောဂါဖြစ်သေးလား သက်သာတယ်လား အိုးးးး အစုံပဲပြောပြီး သကာလမှာတော့ ညနေ၃နာရီထိုးနေပြီလေ ။

ညနေ၅နာရီမှာ ဒေါက်တာဦးခင်မောင်ဝင်းနဲ့က ချိန်းထားတာဆိုတော့ ဆရာ့အိမ်ကနေပဲ ဆေးခန်းကိုပြေးရတော့တာပေါ့ ။ ဆေးခန်းရောက်တော့ သွေးပေါင်ချိန်ကမနေ့ကအတိုင်းပါပဲ လူကလည်းမူးသလိုလို ဖြစ်လာခဲ့ပြီလေ ။ ကားရပ်ထားတဲ့နေရာမှာပဲ ကားပေါ်သွားထိုင်ရင်း ကိုယ့်အလှည့်ကျမယ့်အချိန်ကို စောင့်နေလိုက်တယ် ။ တော်တော်လေးကိုမူးလာတာနဲ့ပဲ အစ်မကသံပုရည်ပြေးဝယ်ပေးတယ်လေ ရန်ကုန်မြို့ရဲ့ညအလှကိုလည်း မခံစားနိုင်တော့ပါဘူး ။ လူကတစ်နေ့လုံးဆက်တိုက်ဆိုတော့ မူးနေတာပဲသိတယ်လေ ။ ဒီလိုနဲ့ည၈နာရီကျော်တော့ ကိုယ့်အလှည့်ရောက်လာတယ်ဆိုပါတော့ ဒေါက်တာကပြောတယ် ရလာတဲ့ရလာဒ်တွေကတော့ နောက်ဆုံးစစ်ထားတာထက် ကောင်းလာပါတယ်တဲ့ ဘယ်နေ့ပြန်မှာလဲတဲ့ ဂျာမနီကနောက်ဆုံးပေါ်ရောက်လာတဲ့စက်နဲ့အသေးစိတ်စစ်သွားပါတဲ့ ဖြစ်နိုင်မယ်ဆိုရင်ပေါ့ ၂ပတ်ကြာရင်အဖြေရလိမ့်မယ်တဲ့ ရန်ကုန်မှာရှိတဲ့ မိဘတွေကအဖြေလာယူပြီး ဆရာနဲ့အသေးစိတ်ဝင်ဆွေးနွေးရင် ဒါထက်ပိုကောင်းမယ့်ရလာဒ်တွေ ရှိလာနိုင်မယ်တဲ့ ရောက်မှတော့ စစ်လိုက်ပါမယ်ဆိုပြီး အပြင်ထွက်ကောင်တာမှာငွေရှင်းတော့ ဆေးဖိုး၁နှစ်စာက သုံးသိန်း၈သောင်းကျော်ကျပါတယ်တဲ့ နောက်ဆုံးစစ်ရမယ့်ဟာက စစ်ခ ၁သိန်း၂သောင်းပါတဲ့ ပါလာတဲ့၅သိန်းက မလောက်တော့လို့ သစ်အမဆီကနေ ၁သိန်းထပ်ယူလိုက်ရပါတော့တယ် ။ ကဲ...ဟုတ်ပြီ စစ်မယ် လာထားဖောက်ပြီပေါ့သွေး ဖောက်ယူထားလိုက်တာ တော်တော့်ကိုများပါတယ် ။ သစ်လည်းမူးချာလည်ပြီး ပြန်လာတော့ ည၁၀နာရီကျော်သွားပြီလေ ....။ သွားပြန်ပြီပေါ့ တစ်ရက်လေ....ဟူးးးးးးးး ခုထိကိုယ်လုပ်ချင်တာ တစ်ခုမှလုပ်ခွင့်မရသေးပါဘူး အားလုံးကမိဘတွေ စီစဉ်ထားတဲ့လမ်းကြောင်းပေါ်လျှောက်နေတုန်းပါပဲလေ ။ ဆက်ရေးပါဦးမည်...။


ဆက်ဖတ်ချင်သေးရင်...

Sunday, March 7, 2010

ဒီရေဒီမြေသို့ တစ်ခေါက်. ၂

၁၅.၂.၁၀ နေ့ မနက်နိုးလာတော့ ၁နှစ်ခွဲကျော်ကင်းကွာခဲ့တဲ့ ပတ်ဝန်းကျင်ကို စူးစမ်းဖို့စောစောနိုးလာခဲ့တယ် ကြေးစည်လေးထုပြီး ဘုရားရှိခိုးတာကိုက ကိုယ့်အိမ်ဆိုတဲ့အသိနဲ့ သာယာနေသလိုပါပဲလေ ။ နောက်တော့မြူနှင်းလေးတွေဝေနေတဲ့ ဘေးအိမ်နောက်အိမ်တွေကို လျှောက်ကြည့်မိတယ် ။ နောက်တော့ အသီးတွေအများကြီး နိမ့်နိမ့်လေးသီးနေတဲ့ သရက်ပင်က သရက်သီးတွေကို မရိုက်ပဲမနေနိုင်လို့ ကင်မရာလေးယူပြီး ခြံထဲလျှောက်သွားနေလိုက်တယ် ။


အဲ့အချိန်မှာ ပဲပြုတ်ဆိုတဲ့ ဖောက်သည်ကြီးအိမ်ရှေ့မှ အဖြတ်မှာ လာပါဦးလို့ ပါးစပ်ကခေါ်ပြီးသား ဖြစ်နေတယ်လေ ။ သူကလည်း ကိုယ့်ကိုမြင်တော့ ဟယ်...အငယ်မ အသားတွေဖြူပြီး ၀လာလိုက်တာကွယ်တဲ့ အင်း...ဒေါ်ကြီးပဲပြုတ်ကို သတိတွေရနေတာပေါ့လို့ အေး...နင့်အမကိုလည်း ငါအမြဲမေးပါတယ် အငယ်မအကြောင်းကိုဆိုပဲ အကြောင်းသင့်တော့ ပဲပြုတ်တောင်းကို ဓါတ်ပုံရိုက်တော့ နင်ကငါ့ကိုကျတော့ ဘာလို့မရိုက်တာလဲတဲ့ ဖလင်ကုန်မှာစိုးလို့လားတဲ့ မဟုတ်ရဘူး ဒေါ်ကြီးရယ်ဆိုပြီး တစ်ပုံရိုက်ပေးခဲ့တော့ ပြုံးပျော်သွားတယ်လေ ။ ဘာပဲဖြစ်ဖြစ် သစ်သစ်တစ်ယောက် စောစောစီးစီး သူများပျော်အောင်လုပ်လိုက်တော့ မင်္ဂလာတစ်ပါးပဲလေ ...။

ဈေးကနေ အူးယားဖားယားပြန်လာတဲ့ အမကိုမြင်တော့ အစ်မက နင်ဘာစားမလဲတဲ့ သစ်ကဈေးကဘာပါသလဲပေါ့နော် ။ သူက မုန့်ဟင်းခါးအိုးဘဲဥ ၊ မုန့်လုံးရေပေါ် ၊ ကောက်ညှင်းပေါင်းတဲ့ ဘာစားချင်သေးတာလဲတဲ့ ရပြီလို့အဆင်ပြေတာ စားမယ်ပေါ့ ။ အဖေကလည်း မနက်စာကို ငါးမြွေထိုးဆီပြန် နဲ့ ဒန့်သလွန်သီးချဉ်ဟင်းချက်လိုက် လို့ပြောနေတော့ မနက်စာကသိလိုက်ပြီလေ ။ အဖေ့ တို့စရာကအဓိကပဲနော် ဆိုတော့ ငါသိပါတယ်တဲ့.....ဟိ ။ လုပ်စရာရှိတာလုပ်တဲ့ ဒီနေ့ဒေါက်တာခင်မောင်ဝင်းက ၁၂နာရီချိန်းထားတာတဲ့ ...ဟင် ....သွားရပေဦးမယ်ပေါ့ ။

ကဲ သွားကြတော့ နောက်ကျနေတော့မယ်ဆိုတော့ ၁၁နာရီခွဲနေပြီ အဖေရေ သမီးထမီတွေမတော်တော့ဘူး ဘယ်လိုလုပ်မလဲဆိုတော့ တော်တာရှာစမ်းတဲ့ စကတ် ဘောင်းဘီ လက်မခံပါတဲ့ ဟင့်...ဒါနဲ့ပဲ ဗီဒိုတစ်ခုလုံးဗြောင်းဆန်အောင်ထပ်ရှာလိုက်တော့ ရှားရှားပါးပါးတစ်ထည်ထွက်လာတယ် ။ ဒါနဲ့ပဲ အပြင်ထွက်ဖို့အချိန်ကျတော့ အင်းစိန်ကနေရိုက်လိုက်တာ လမ်း၃၀ရောက်မှ ဂိတ်ဆုံးတယ်လေ ။ ရောက်တာနဲ့သွေးပေါင်ချိန်တိုင်းတော့ ၁၄၀ - ၉၀ တဲ့ ဟိုက်...သွေးတွေတိုးနေပါလားတဲ့ ။ ရင်ထဲမှာတော့ မှန်တာပေါ့ဒေါက်တာနဲ့ တွေ့ရမယ်ဆိုတာနဲ့ သွေးတွေတိုးလာတာပါပေါ့လေ ။ ၁၂နာရီတွေ့ရမယ် ဒေါက်တာကိုစောင့်လိုက်တာ ညနေ ၁နာရီခွဲမှ ရောက်လာတယ် ကိုယ့်နံပတ်က ၁၇လေ ၃နာရီ၁၅မှာ ၀င်ခွင့်ရတယ်လေ ။

ဟေး....ညီး စလုံးမှာပျော်လား ၀လာတယ်ဟေ့ သွေးတွေလည်းတိုးနေပါလား ပီအာကျပြီလား အောင်မလေးနော် သူပဲဇာတ်တိုက်ပြောသွားလိုက်တာ ခေါင်းငြိမ့်ခေါင်းခါကလွဲပြီး တစ်ခွန်းပဲပြန်ပြောလိုက်တာကတော့ ဒေါက်တာနဲ့တွေ့လို့ သွေးတောင်တိုးတယ်ဒေါက်တာရယ် ဆိုတော့ ညီးကတော့လုပ်ချပြန်ပြီတဲ့ ခင်မင်ဖွယ်ကောင်းတဲ့ ဆရာဝန်ပါပဲ သစ်သစ်ကိုလည်း မှတ်မိပါတယ် ။ သူ့လူနာကို ဒီလိုဆက်ဆံလိုက်တာကိုယ်က စလုံးဆရာဝန်တွေနဲ့ အပုံကြီးကွာတယ်လေ လူနာရဲ့စိတ်ကို သက်သာရာရစေတယ်လေ ။ ကဲ ဒါတွေစစ်သွားလိုက်တဲ့ နက်ဖြန်မှတစ်ခေါက်ပြန်လာဆိုတော့ အပြင်ထွက်ပြီး စစ်ဖို့ပိုက်ရှင်းတော့ ၂သိန်း၃သောင်းကျော် တဲ့....ဟင့် ။ ဖောက်လိုက်တဲ့ သွေး ယူလိုက်တဲ့ဆီး စစ်ရမှာများတော့ အများကြီးယူထားလိုက်တာ လူတောင်မူးချင်လာတယ် ။ အီးစီးဂျီရိုက် အာထရာဆောင်းရိုက်နဲ့ ချာလပတ်ရမ်းပြီး သကာလမှာတော့ ၄နာရီထိုးတော့မယ်လေ ။

ကဲ ..... ဘယ်သွားမှာလဲတဲ့ ရွှေတိပုံဘုရားသွားချင်တယ်လို့ အရင်ဆုံးဘုရားကိုရောက်တော့ အချိန်အကြာကြီး ရှိခိုးနေမိတယ် အားလုံးအတွက်ဆုတောင်းနေတော့ ကြာတာပေါ့နော် ။ ဘုရားကဆင်းလာတော့ ထီကားလေးမှာ ထီလေးထိုးလိုက်သေးပါတယ် မပေါက်ပါဘူးလေ ..အဲ့လို ကံကောင်းတာ။ ဘယ်ဆက်သွားမယ်စဉ်းစားထားလဲတဲ့ အင်းယားကန်သွားချင်တယ်ဆိုတော့ ကန်ဘောင်ကိုရောက်သွားခဲ့တယ် ပုစွန်ပဲပိစပ်ဟင်း ၊ ပြည်ကြီးငါးချိုချဉ်ကြော် ၊ ရှမ်းထမင်းချဉ် ၊ ဇီးကြံ ၊ ဘူးသီးကျော် ၊ တုံဟမ်းဟင်းချို ၃ယောက်စားတာ ၁သောင်း၃ထောင်ကျပါတယ် မဆိုးပါဘူး အဟပ်အစပ်လည်းတဲ့သလို ကိုယ့်နိုင်ငံဆိုတော့ အားလုံးကအရသာရှိနေတာပေါ့နော် ။ စားပြီးတော့ ဖုန်းလာပါတယ် အင်းစိန်ကျန်းမာရေးဝန်ကြီးဌာနကပါတဲ့ ခေါင်းမူးခေါင်းကိုက်နှာစေးတာများ ရှိရင် အကြောင်းကြားပါတဲ့ ၂ရက်ခြားတစ်ခါလောက် ဆက်ပါရစေတဲ့ အိုကေပေါ့ ။ H1N1 ပြန်ဖြစ်တဲ့အချိန်နဲ့ သစ်သစ်ပြန်တဲ့အချိန်က ကိုက်နေတယ်လေ ။ ၈မိုင်လမ်းဆုံက ရွှေဘဲ ဘဲကင်ဆိုင်ဆို ၀က်သားတစ်မျိုးပဲရောင်းပါတယ် (ဘဲကင်မစားခဲ့ရဘူးလို့ ဆိုလိုတာပါ) ။

ဒီလိုနဲ့ သစ်သစ်အမနဲ့ ကန်ဘောင်ပေါ်လမ်းလျှောက်ခဲ့တယ် ဆိုပါတော့ ။ သတိရမိတယ် (ကိုစိုးမိုးကိုလို့ ပြောရင် သတ်မယ့်သူရှိနေလို့ မပြောတော့ဘူးနော်း) ) ။ ဓါတ်ပုံတွေရိုက်တာ အတွဲလွတ်အောင်ရိုက်ပါ မမရယ်..ဟဲ့ ငါဘယ်လိုရိုက်ရမှာလဲ အတွဲတွေကပြည့်နေတာကို ဆိုတော့ လက်လျော့ပြီးမရိုက်တော့ဘူး မထင်ပါနဲ့ ရအောင်တော့ရိုက်ခဲ့ပါသေးတယ် ။ ဟိုဘက်အဆုံးထိတော့ မလျှောက်တော့ဘူးဟာ မျက်မှန်ဝင်ရွေးရဦးမယ်ဟ လူကလည်းသွေးတွေဖောက်ထားတော့ မူးနေပြီလေ ။ နားချင်နေပြီ မျက်မှန်ဝင်ယူပြီး ပြန်တာကိုက ည၈နာရီကျော်နေပြီပေါ့ ။အိမ်ရောက်တော့ မိဘတွေကို ရှင်းပြ ခြေလက်ဆေးပြီး အိပ်လိုက်တာ အားလုံးကိုမေ့သွားပါတယ် ။ ...ဆက်ရေးပါဦးမယ် ။

နံနက်စာ ကောက်ညှင်းပေါင်း


လှည်းတန်းဈေးနားက တီလားဗီးယားကင်ဆိုင်တွေ

တော်တယ်ဆိုတဲ့ တစ်ထည်တည်းသောထမီ


အိုးဘဲဥ နဲ့ မုန့်ဟင်းခါး

ပဲပြုတ်သည်ရဲ့အပြုံး

ခြံထောင့်မှာလည်း သရက်ပင်ပဲ


ခြံထဲက သီးနေတဲ့အနိမ့်ဆုံးအခိုင်လေး

မြတ်ရွှေတိဂုံ

ရေသပ္ပာယ် နေတဲ့သစ်သစ်

ဇီးကြံဆိုတာပေါ့

ဗူးသီးကြော်ပဲစားတယ် အချဉ်ကိုတော့မစားခဲ့ဘူး

ကန်ဘောင်ကရှမ်းထမင်းချဉ်

ပုစွန်ကိုပဲပိစပ်နဲ့ချက်ထားတာ

ပြည်ကြီးငါးချိုချဉ်ကြော်

တုံယမ်းဟင်းချိုဆိုပဲ

ကန်ဘောင်ပေါ်ကအတွဲများ

ညနေခင်းအင်းယား


ဆက်ဖတ်ချင်သေးရင်...

Saturday, March 6, 2010

ချစ်ထောမွေးနေ့





ဒီနေ့ သစ်သစ်တို့အဖွဲ့ထဲက ချစ်စဖွယ်ညီမငယ် ထောပတ်သီးလေး မွေးနေ့ပါ ။ တကယ်မွေးနေ့လေးကတော့ သောကြာနေ့လေးပါ ။ သစ်သစ်ရန်ကုန်မပြန်ခင်ကတည်းက အလုပ်တွေဖိစီးနေတဲ့ ညီမငယ်ကိုမွေးနေ့လေးမှာ ပျော်အောင်ဘာလုပ်ပေးရင်ကောင်းမလဲ စဉ်းစားခဲ့ပါတယ် ။ နောက်တော့ မွေးနေ့ကိတ်လေးနဲ့ လူစုံတက်စုံလေး လုပ်ပေးလိုက်ရင် ရပ်ဝေးမြေခြားမှာအလုပ်အတူတူ လာလုပ်နေကြတဲ့ ညီအစ်မတွေ ပိုပြီးစည်းလုံးစေသလို မွေးနေ့ရှင်လေးလဲ ပျော်သွားမလားဆိုပြီး အကောင်အထည်ဖော်ဖြစ်ပါတယ် ။ ကွန်ဖရန့်တွေခေါ် အစည်းအဝေးတွေထိုင် ဂျီကနေဂရုဖ်ချက်လေးနဲ့ခေါ်ပြီး တိုင်ပင်နဲ့ ညီမလေးတစ်ယောက်မွေးနေ့ကို အရေးထားပြီး စီစဉ်ခဲ့ကြပါတယ် ။

၁နာရီခွဲအရောက်ပေမယ့် အကြောင်းအမျိုးမျိုးတွေကြောင့် ၂နာရီလောက်မှ လူစုံကြပါတယ် ။ အလေးထားပြီး လာရောက်ကြတဲ့ အမြဲအားမျိုး ၊ အကျီအသစ်နဲ့မေဖလားဝါး ၊ လူမမာတစ်ပိုင်းပုံပေါက်နေတဲ့ ညည ၊ နေထိုင်ခွင့်တွေရလို့ ပျော်နေတဲ့ နိုမိုလေး ၊ ကိုကို့အနားကနေ မအားတဲ့ကြားကလာရတဲ့ ပါတနာကြီး မေလေး ၊ ဒီလိုခင်မင်ပြီး ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းအသစ်တွေ စုပေါင်းမိအောင် နေရာလေးတစ်ခုစီစဉ်ပေးတဲ့ ဗစ်စတို အားလုံးကိုထောလေး ကိုယ်စား သစ်သစ်ကဒီပို့စ်လေးနဲ့ ကျေးဇူးတင်ကြောင်းပြောလိုက်ပါရစေ ။ နောက်ဒီအဖွဲ့လေးထဲက မည်သူမဆိုမွေးနေ့လေးရောက်လာတိုင်း ပျော်စရာလေးတွေ ဖန်တီးပြီးပူလောင်မှုသောကလေးတွေ တခဏဝေးသွားအောင် စုပေါင်းလုပ်ကြဖို့ သစ်သစ်မျှော်လင့်ပါတယ် ။ အားလုံးကိုပျော်စေချင်လို့ မကြွားချင်ပဲကြွားရတဲ့ အနေတည်တဲ့သစ်သစ်ရဲ့ အကြွားဒဏ်တွေကို အလူးအလှိမ့်ခံပေးတဲ့အတွက်ရော ကျေးဇူးတင်မိပါတယ် ။ နောင်နှစ်များမှာလည်း ထောတစ်ယောက် ဒိချစ်မတွေနဲ့အတူ မွေးနေ့လေးတွေဖြတ်သန်းနိုင်ပါစေလို့ အားလုံးကိုယ်စား မမသစ်က ဆုတောင်းပေးလိုက်ပါတယ် ။

ဆက်ဖတ်ချင်သေးရင်...

Friday, March 5, 2010

ထူးဆန်းထွေလာ

ဒါလေးကနေ
(သုံးတန်းကျောင်းသူ ဒေါ်ရွှေသစ်)


ဒီလိုကြီး ဖြစ်လာမယ်လို့ (ချန်ဂီလေဆိပ်တွင် အမှတ်တရ)

မွေးသမိခင်တောင် မမှန်းဆနိုင်ခဲ့ပါဘူး ကိုင်းးးး မထူးဆန်းပေဘူးလားကွယ်

ဆက်ဖတ်ချင်သေးရင်...

ဒီရေဒီမြေသို့ တစ်ခေါက်

ရန်ကုန်ပြန်ရမယ်ဆိုတုန်းက ပျော်လိုက်တာဆိုတာ ပြောမနေပါနဲ့လေ ။ စလုံးကနေ လေယာဉ်စထွက်ကတည်းက အတွေးပေါင်းစုံ ယောက်ယက်ခတ်လို့ ပြန်လာခဲ့တယ်ဆိုပါတော့နော် ။ ချန်ဂီလေဆိပ်ကနေ စထွက်လာကတည်းက ဘုရားလေးရှိခိုး ပုတီးလေးစိတ်လာ လိုက်တာ ရန်ကုန်လေဆိပ်ရောက်မှပဲ အသက်ရှူနိုင်တော့တယ် ။ သစ်သစ်လေယာဉ်စီးတာ သိပ်ကြောက်ပါတယ် ။ ဒီမှာကလည်း ဟိုကြည့်ဒီကြည့်ဆိုတော့ တကယ်တမ်းလေယာဉ်စီးတော့ ရုပ်ရှင်တွေထဲက လေယာဉ်ပြန်ပေးအကြောင်းတွေ ပျက်ကျတဲ့အကြောင်းတွေ မစဉ်းစားပဲပြန်ပေါ်လာတတ်တယ်လေ ။ အကျင့်မကောင်းတဲ့ သတိရမှုတစ်ခုပေါ့။

ရန်ကုန်လေဆိပ်ကို မနက်၉နာရီရောက်တော့ ကိုယ်ကမြန်မြန်လျှောက်ပြီး အားလုံးကိုကျော်တက်တာလေ ။ တော်ကြာစောင့်နေရရင် စိတ်ညစ်စရာကောင်းလွန်းလို့ပါပဲ ။ ထိပ်ဆုံးကနေ၀င်သွားတာ အခွန်စာရွက်ကို ကော်ပီလုပ်မလာလို့တဲ့ ဘယ်ရမလဲ ဒီကလည်းအကယ်ဒမီသစ်သစ်လေ သိတယ်မှတ်လား ဟယ် ....ဟုတ်လား အစ်ကိုရယ် ကော်ပီလိုတာ ညီမမသိလို့ပါပေါ့ မျက်နှာလေးပြုံးလို့ပြောလိုက်တယ် ဆိုပါတော့ ။ ရတယ်ရတယ် ဆွဲပေးလိုက်မယ်ဆိုပြီး ကော်ပီကိုအဲ့ဘိုးတော်က သွားဆွဲတယ်လေ .... ဟိ ။ ကဲ ဒီဖောင်းမလုပ်ရအောင် လုပ်ပေးလိုက်မယ် ညီးတို့တွေက ပြန်လာရင် ငါတို့တွေ ဘာဖြစ်တယ် ညာဖြစ်တယ်ပြောကြတယ် တစ်ခါမှနာမည်ကောင်းမရဘူးတဲ့ ( သစ်သစ်တစ်ယောက် မျက်နှာလေးပြုံးလို့ ကိုယ့်မပြောသလိုနေလိုက်တယ် မြန်မြန်ရပြီးရောလေ ) ။ ကဲ ဒီမှာဆိုင်းထိုးလိုက် ဟုတ်ကဲ့ပါရှင့်.....သွားလို့ရပြီလားအားကို ဆိုတော့ ဘာပါလာလဲတဲ့ သမီးလေးဖို့ချော့ကလက်လို့ဆိုတော့ အင်...တဲ့ စားမလားတစ်ခုဖောက်ပေးခဲ့မယ်ဆိုတော့ တော်ပါပြီတဲ့.....။ စလုံးတို့ ဆလိမ်တို့လည်း ရပါတယ်တဲ့ ဒီနေ့အတွက် ညီးပထမဦးဆုံးပဲတဲ့ ဟယ်.....ဒီမှာ အေတီအမ်ရှိလားဟင် ဘဏ်ကတ်ထဲမှာထုတ်ဖို့မေ့ခဲ့တာ ခက်လိုက်တာနော်ဆိုတော့ ကဲကဲ သွားပါတော့မမချောရယ်တဲ့ ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုရယ်ပေါ့......(နာကွ တစ်ယောက်တော့ကျော်လာပြီ ) ။

အမ...အမ....တွန်းလှည်းထုတ်ပေးရမလား ...မျက်နှာကိုတတ်နိုင်သမျှတင်းပြီး တလောကလုံးကိုယ့်လုပ်စာစားနေရတဲ့ရုပ်နဲ့ ငါ့မှာလက်ပါတယ် မလိုဘူးပြောပလိုက်တယ် ။ ကမ္ဘာ့အနှေးဆုံးနှုန်းနဲ့အိတ်တွေထွက်လာတော့ အမသယ်ပေးရမလားတဲ့ မလိုဘူးငါသယ်နိုင်တယ် ပြောလိုက်တယ် ။ အိတ်တွေတင်ပြီး ရှေ့ဆုံးကနေ ထွက်မယ်လုပ်တော့ အပေါက်က၃ပေါက် ဘယ်အပေါက်ကထွက်ရမလဲလို့ သုံးပွင့်ကိုကို ကိုမေးပလိုက်တယ် (သူက ကံဆိုးစွာယူနီဖောင်းနဲ့တို့နားလာရပ်နေတာကိုးလို့...ဟွန့် ) ။ ကြိုက်တဲ့အပေါက်ကထွက်တဲ့ ကျေးဇွန်းပေါ့နော် ။ ဘာတွေပါလဲတဲ့ ဘာမှပါဘူးလို့ဆိုတော့ သွားတော့ရပြီတဲ့ (မယ်ရုပ်ဆိုးကပြောတယ် ) သစ်သစ်တို့ကတော့ ပြုံးပြုံးလေးပဲ ဟုတ်ကဲ့ပါမမပေါ့ ။ ဝေးးးးးးးးး လွတ်ပြီကွ အိုးးးးး အမေ အရွယ်ကျလာလိုက်တာ (ဟဲဟဲ ဆူဖို့ပါးစပ်ဟမယ်ပြင်နေတဲ့အမေကို အနမ်းလေးနဲ့ပြေးပြီး ပါးစပ်လေးပိတ်လိုက်တယ် ) ပိုင်တယ်နော် ။

ပါကင်ကကားထွက်လာတာကို ရပ်စောင့်နေတာ ကိုယ့်အိတ်ပေါ်ကို လက်ကလေးတွေလာတင်ထားကြတယ် ။ ဘာလုပ်တာလဲဆိုတော့ ကားရောက်လို့နောက်ဖုံးဖွင့်တာနဲ့ ကိုယ်မခိုင်းပဲအိတ်ကိုလုတင်မယ်လေ ပြီးတော့အမစလုံးအကြွေလေးများ လာတောင်းမယ် ဒါမျိုးတွေရိုး..ဟိုးးးးနေပြီ ရတယ် ဘီလူးဆိုင်းတီးလိုက်တယ် ထိစရာမလိုဘူးလို့ ။ ခဲအိုတော်ကတော့ အိတ်သယ်ဆိုမှ ကားအဖုံးအရင်ဖွင့်နေတယ် သူဖွင့်တာနဲ့ လှစ်ခနဲအနားရောက်လာပြီး အိတ်ကိုကောက်တင်ပလိုက်တယ် ။ ဟိုကဘာမှလုပ်ချိန်မရလိုက်ဘူး ထွက်သွားရှာတယ် ကိုယ့်ခဲအိုအိတ်ကတ်ထဲက တစ်ထောင်တန်တစ်ရွက်လေ သစ်သစ်ကပြောချင်ပေမယ့် ခဲအိုတော်ကသနားပါတယ်ဆိုပဲ သူသနားရင်သူပဲခံပါစေတော့လေ ။ မကျေနပ်ခြင်းများစွာနဲ့ အိမ်ကိုပြန်လာခဲ့တယ် ။

အိမ်ခြံထဲကားဝင်တာနဲ့ကို ခြံထဲဆင်းစောင့်နေတဲ့ အဖေကို အိုး မိုင်ဒီးယားပါပါ နေကောင်းပါရဲ့လား ဘလာ..ဘလာ...နဲ့ ဗိုက်ဆာလိုက်တာ ဘာဟင်းချက်လဲပေါ့ ။ အဖေကလည်း မစိုးရိမ်ရှာပါဘူးလေ ခု ၁၀နာရီကျော်ပြီ ထမင်းစား ခဏနားတဲ့ ဆရာဝန်က နေ့လည်တစ်နာရီတဲ့ ....ဟင့် ။ ကဲ ....၁နာရီကနေ စောင့်လိုက်တာ ညနေ ၄နာရီမှာ ဆရာဝန်ဆီမှာ ကိုယ့်အလှည့်ကျတယ် ။ မေတ္တာဦးဆေးခန်းဆိုတော့ လှည်းတန်းနဲ့ကနီးတယ်လေ ။ အမကိုလက်ဆွဲပြီး လှည်းတန်းဈေးအရင်ပြေး ရွှေရင်အေးသောက် တီလားဗီးယားအကင် တစ်ကောင်၁၅၀၀တဲ့ မဆိုးပါဘူးလေ ။ နောက်မုန့်ဘိုင်းတောင့်လို့ခေါ်မလား နှမ်းထောင်းလေးနဲ့စားတာ ၅၀၀ဖိုးမှ နည်းနည်းလေးရတယ် ၀ယ်စားပြီး ဆရာဝန်ကိုပြန်စောင့်နေတယ် ။

ရောက်ပါပြီ ကိုယ့်အလှည့် ဒေါက်တာရယ် သမီးစလုံးမှာစစ်ခဲ့တာကတော့ ဒါတွေပါ ဆေးတွေကတော့ဒါတွေပါ သူတို့ပြောတဲ့ရောဂါကို သမီးအသေးစိတ်စစ်ချင်ပါတယ် ဒေါက်တာကူညီပါပေါ့ ။ ဒေါက်တာမြင့်အောင် သေချာမျက်စိကိုစစ်ပြီး အမြင်စွမ်းအားစစ်တော့မှ ဂိမ်တာပါပဲလေ တစ်ဖက်ကို၁၀မိနစ်စက်ထဲမှာ စစ်တယ် ။ တစ်ဖက် ၅သောင်းပါ မျက်စိကနှစ်ဘက်လေ သွားရှာပေါ့တစ်သိန်း ။ အိုကေပါတယ် သူတို့ထင်တာမဟုတ်ပါဘူး အားလုံးနော်မယ်ပါပဲ ဆိုတော့ မျက်မှန်လဲချင်ပါတယ် ဂိုင်းရော မှန်ရော ၆သောင်းကျော်ကျပါတယ် ဖုန်းထဲက ဂဏန်းပေါင်းစက်လေးနဲ့ စလုံးပြန်တွက် အိုးးးးတန်ပါတယ်လေ ဟုတ်ကဲ့ ချက်ချင်းရမလား နက်ဖြန်ညနေ ၆နာရီတဲ့ မျက်စိနဲ့ပက်သက်လို့ အရာအားလုံးစိတ်ချလက်ချပြီးသွားချိန်မှာ ပိုက် ၂သိန်းကျော်ထွက်ပြီး အချိန်ကလည်း ည၉နာရီကျော်ခဲ့ပါပြီလေ ...။ မှောင်မဲနေတဲ့မြို့တော်ကြီးမှာ ကားပတ်စီးလို့ အိမ်ကိုပြန်လာခဲ့တယ်ဆိုပါတော့ ။ ......ဆက်ရန်ရှိသေးသည် ။


ဆက်ဖတ်ချင်သေးရင်...

Wednesday, March 3, 2010

တိုက်ဆိုင်မှု

ကမ္ဘာကြီးကျဉ်းတယ်ဆိုတာ သစ်သစ်ယုံသွားပါပြီ ။ ဟိုးးးးလွန်ခဲ့တဲ့ ၁၀စုနှစ်တစ်ခုက ရူးသွပ်တပ်မက်မှုတွေဟာ မထင်မှတ်ပဲဖြစ်လာတော့ တဒင်္ဂတုန်လှုပ်သွားတဲ့ ကိုယ့်ရဲ့စိတ်ကို မထိန်းသိမ်းနိုင်ခဲ့ဘူးလေ ။ မဖြစ်သင့်ဘူးဆိုတာ သိပေမယ့်ကိုယ့်ကိုယ်နားလည်ပေးမယ်လို့ မျှော်လင့်မိပါတယ် ။

ရခိုင်ဒေသ မြန်မာပြည်အထက်ပိုင်း ကရင်ပြည်နယ် ရောက်ဖူးပြီးသားဆိုတော့ ဒီတစ်ခါသစ်သစ် ပုဂံသွားဖို့ဆုံးဖြတ်ခဲ့ပါတယ် ။ ဆရာဝန်တွေရဲ့လက်က လွတ်မြောက်သွားချိန်မှာ သစ်သစ်အတွက် ပုဂံသွားဖို့ လုံလောက်တဲ့အချိန်မရှိတော့ပါဘူး ။ ဒါနဲ့ပဲ လွန်ခဲ့တဲ့၁၀နှစ်က တစ်စုံတစ်ယောက် ကျင်လည်ခဲ့ဘူးတယ်ဆိုတဲ့ ရှမ်းပြည်ကိုသွားဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ ဟိုစဉ်အခါတုန်းက အဲဒီအရပ်ကိုရောက်ဖူးချင်တာ အရမ်းပဲလေ ရွှေတြိဂံဒေသကို ရောက်ချင်တာကတော့ ပိုတာပေါ့နော် ။ တကယ်တမ်းသွားမယ်ဆိုတော့ စိုးစဉ်းမျှသူ့ကို သတိမရမိပါဘူး ။ သိတယ်မှတ်လား ကိုစိုးမိုးကအချိန်တိုင်း သစ်စိတ်မှာရှိတယ်လေ...း) ။

သွားခဲ့တယ် ပျော်ခဲ့တယ် လွမ်းခဲ့တယ် ဆွေးခဲ့တယ် ခံစားချက်ရသမျိုးစုံပေးတဲ့ ရှမ်းတောင်တန်းတွေကို သစ်သစ်ချစ်တယ်လေ ။ အသဲထဲစိမ့်အောင်အေးတဲ့ အင်းလေးကန်ရဲ့လေပြေတွေကြားမှာ သတိရနေတာ အစ်ကို့ကိုပါပဲလေ ...။ နာမည်ကျော်ကြားလှတဲ့ ကိုယ့်ရေမြေရဲ့သဘာဝအလှကို တစ်ဝကြီးခံစားရင်း ရှေ့ဆက်ရမယ့်ဘ၀အတွက် အတွေးသစ်တွေချဲ့နေမိတာပေါ့ ။ နွေးထွေးပျူငှာလှတဲ့ အွန်လိုင်းပေါ်က သစ်သစ်ရဲ့ချစ် မောင်လေး ၊ ညီမလေးတွေရဲ့ ဧည့်ခံကောင်းပုံကတော့ နောက်မှပဲစာတစ်ပုဒ်ရေးဖွဲ့ပါတော့မယ် ။

ဒီလိုနဲ့ ရှမ်းတောင်တန်းတွေကို နှုတ်ဆက်ပြီး ကျောခိုင်းအလှည့်မှာ ဟိုစဉ်ကမေ့ဖျောက်လို့မရတော့ဘူး ထင်ခဲ့တဲ့ တစ်စုံတစ်ယောက်ကို တိုက်တိုက်ဆိုင်ဆိုင် အောင်ပန်းမြို့လေးမှာ ရုတ်တရက်တွေ့လိုက်ရတော့ စကားလုံးတွေဆွတ်အပျောက်ဆုံးခဲ့ပါတယ် ။ ကြင်သူသက်ထားပိုင်ဆိုင်သူလေးကို ဘေးမှာထားလို့ ကိုယ့်ကိုလှမ်းကြည့်စဉ်မှာ မမြင်ချင်ယောင်ဆောင်ဖို့ ကိုယ်ဆုံးဖြတ်ပြီးသားဖြစ်နေခဲ့တယ်လေ ။ နေကာမျက်မှန်အောက်မှာရှိတဲ့ သူ့မျက်ဝန်းတွေကို ကိုယ်ဖတ်မိသလို ကိုယ့်ကိုယ်စိုက်ကြည့်နေတဲ့ သူ့ရှေ့ကနေ ဘယ်လိုခွန်အားနဲ့ ဖြတ်လျှောက်ရမယ်ဆိုတာ မသိနိုင်ခဲ့ပါဘူး ။

ဒါနဲ့ပဲ တွေ့ရာကားပေါ်ပြေးတက်ပြီး ခဏတာပုန်းနေလိုက်မိတယ်လေ ။ သေချာတာကတော့ ကိုယ်ကားမှားနေခဲ့တယ် ။ ထွက်တော့မယ့် ကားတန်းကြီးတွေကြားမှာ သစ်သစ်ပျောက်လို့လိုက်ရှာနေတဲ့ အစ်မကိုတွေ့တော့မှ အစ်မလက်ကိုဆွဲလို့ သူ့ရှေ့ကနေဖြတ်လျှောက်ခဲ့တယ် ။ ကိုယ့်နောက်ကျောကနေ လိုက်ကြည့်နေမယ့် မျက်ဝန်းတစ်စုံကို အလိုလိုသိနေတယ်ဆိုရင် ကိုစိုးမိုးအပေါ် သစ်သစ်တရားပါ့မလားနော် ...။

အတွေးပေါင်းစုံယောက်ယက်ခတ်လို့ ကားပေါ်ထိုင်လာခဲ့ပေမယ့် ဟိုးအတိတ်ကအရာတွေကို ပြန်မတွေးနေဘူးလို့ မညာချင်ပါဘူး ။ တုန်လှုပ်နေတဲ့ ကိုယ့်စိတ်ကိုထိန်းချုပ်ဖို့ သစ်တယ်လီဖုန်းလေးထဲက အင်တာဗျူးနေတဲ့ကိုစိုးမိုးအသံချိုချိုကို နားထောင်လိုက်တော့မှ တည်ငြိမ်မှုကို ပြန်လည်ဖမ်းဆုပ်နိုင်ခဲ့ပါတယ် ။ ည၁၁နာရီလောက်မှာ ယင်းမာပင်ဆိုတဲ့မြို့လေးရောက်လို့ တစ်ထောက်နားတော့ ပြန်ဆုံပေမယ့် သစ်သစ်နားမှာ အစ်ကိုရှိတယ်ဆိုတဲ့ ခံစားချက်နဲ့ ရဲဝံ့စွာပြန်ကြည့်နိုင်ခဲ့ပြီလေ ။

ကလေးစိတ်ပဲရှိသေးတယ်ဆိုတဲ့ အစ်ကို့မှတ်ချက်တွေကို ဒီတစ်ခါတော့ သစ်သစ်ငြင်းမိတော့မယ် မထင်ပါဘူး ။ မယုံမရှိနဲ့ အဲဒီတိုက်ဆိုင်မှုကို ရန်ကုန်မှာကတည်းက အစ်ကို့ကိုပြောဖြစ်ခဲ့တယ် ....း) ။ အစ်ကိုတစ်ယောက်လို သူငယ်ချင်းတစ်ယောက်လို ချစ်ခင်ရသူတစ်ယောက်လို ဘာမဆိုဖွင့်ဟခွင့်ပေးဖို့ ဘုရားကသစ်သစ်ကို လက်ဆောင်ပေးထားတယ်လေ ။ သစ်လောက်ကံကောင်းတဲ့သူ ဒီကမ္ဘာမှာရှိသေးရဲ့လားနော် ။ ဘာပဲဖြစ်ဖြစ်တိုက်ဆိုင်မှုတွေ ရှိလာတိုင်း မတုန်လှုပ်တဲ့သစ်သစ် ဒီတစ်ခါတော့...... ။


ဆက်ဖတ်ချင်သေးရင်...

Monday, March 1, 2010

စက္ကန့်မလပ် သတိရသူ

ချစ်သူ .......................... ဖမ်းစားလွန်းတယ် ။ ၁၄ရက်လုံး သတိမရတဲ့နေ့ မရှိခဲ့ပါဘူး ။ ဆရာဝန်ကတစ်ခုခု ပြောလိုက်ရင်လည်း အရင်ဆုံးအသိပေးချင် နေမိတယ် ။ အသံလေးတစ်သံက ဒီလောက်ဖမ်းစားတယ်ဆိုရင် သူကိုယ်တိုင်ဆိုရင် တွေးတောင်မတွေးရဲပါဘူး ။ စိတ်ကူးယဉ်ဆန်လွန်းနေလား ဟင်..... စိတ်ကူးယဉ်ခွင့်လေးတော့ ပေးပါနော် ။ ခေါ်လို့မရတဲ့ဖုန်းနံပတ်လေးတွေကိုပဲ အကြိမ်ကြိမ်နှိပ်နေမိတယ် သိလား ။


စလုံးကနေ စတင်ထွက်ခွာတဲ့ အချိန်ကစလို့ လေဆိပ်ထဲကနေ ဖုန်းဆက်ချင်တယ် အဲဒီအခွင့်အရေးပေးမထားလို့ တိတ်တဆိတ်ပဲ ဒီအချိန်ဆိုပြန်လာလောက်ပြီလို့ မှန်းဆရင်းနှုတ်ဆက်မိတယ် ။ လေယာဉ်ပေါ်မှာနေတဲ့တစ်ချိန်လုံး ပြန်ရောက်လောက်ပြီ ရေချိုးနေလောက်ပြီ ထမင်းစားနေလောက်ပြီနဲ့ အတွေးထဲတစိမ့်စိမ့်ပါပဲ ။ အိမ်ရောက်တော့လည်း အင်တာနက်ဆိုင်ကို သွားပြီးချောမောစွာရောက်တယ်ဆိုတာ သတင်းပို့ချင်မိတယ် ။ ကိုယ်တိုင်ကမဖြစ်နိုင်တော့ မမတစ်ယောက်ကိုပဲ ရောက်ပြီဆိုတာပြောပေးပါလို့ ဆန္ဒကိုမြိုသိပ် လိုက်မိတယ် ။

ဘယ်ဆရာဝန်ကလေ ဘာတွေပြောလိုက်တာ သိလား အစ်ကိုရဲ့လို့ ပြောချင်တဲ့စိတ်ကို ချိုးနှိမ်ထားရတာလေ ရောဂါတွေအားလုံးခံစားရတာထက် ခက်ခဲပါတယ် ။ သွေးတွေဖောက်လို့ မျက်စိမှိတ်ထားချိန်မှာလဲ အနားမှာလာရပ်နေသလို ခံစားနေမိတယ် ။ နာကျင်တာတွေမေ့ကုန်တယ်လို့ ပြောရင် ယုံမှာလား အစ်ကို ...။ တစ်နေ့ပေါ့ ဘယ်လိုမှစိတ်မထိန်းနိုင်လို့ ရှိမယ့်အချိန်လေးမှန်းဆပြီး အင်တာနက်ဆိုင်လေးကို ပြေးတော့ နစ်ကလေးကလေ နီနေတာပဲ စပြီးမခေါ်ရဲခဲ့ပါဘူး အလုပ်များလို့ ကိုယ့်ကြောင့်စိတ်ရှုတ်သွားမှာ သိပ်ကိုကြောက်မိပါတယ် ။ နာရီဝက်လောက်နေတော့လည်း စမခေါ်ခဲ့ပါဘူး ငိုချင်နေတာ အရမ်းပဲ သူများဆိုင်ဆိုတဲ့ အတွေးနဲ့မြိုသိပ်ခဲ့ရတယ် ။ နောက်ဆုံးတော့မနေနိုင်လွန်းလို့ ဆရာဝန်ပြောတာလေးတွေ မျက်စိမှိတ်ပြီးချရေးပလိုက်တယ် ။ ပြီးတာနဲ့ချက်ချင်းပဲ နှုတ်ဆက်ပြီးကိုယ်အဲ့ဒီဆိုင်ထဲကနေ ပြေးထွက်ခဲ့မိတယ် ။

နောက်ဆို သူမရှိမယ့်အချိန်ပဲ သွားမယ်စဉ်းစားမိတယ် ရှိနေရင်ပိုပြီး ၀မ်းနည်းစရာကောင်းလို့ မရှိတော့မက်ဆေ့ခ်ျလေးတွေ ချရေးပြီးပြန်လာရတာက ခံစားရသက်သာစေပါတယ် ။ ဆေးခန်းကိစ္စတွေပြီးတော့ ရှမ်းပြည်ဘက်ကိုမထင်မှတ်ပဲ ခရီးထွက်ခဲ့ပါတယ် ။ လွမ်းမောဖွယ်ကောင်းတဲ့ တောင်တန်းတွေကြားမှာ ပုံရိပ်တွေအတွေးတွေ ၀င်ရောက်လာတိုင်း ဖယ်လိုက်ဖို့ကြိုးစားတာ မအောင်မြင်ခဲ့ပါဘူး ။ အင်းလေးကန်ကြီးထဲမှာ စက်လှေစီးနေတဲ့အချိန်မှာ အနားမှာအစ်ကိုသာဆိုရင် ဆိုတဲ့ တောင်းတမှုကိုမျက်ရည်တွေနဲ့ပဲ ဖြေသိမ့်ခဲ့ရတယ်လေ ။ စလုံးကိုပြန်လာတဲ့အချိန်ထိ စိုးမိုးလွန်းလို့ အစ်ကိုစိုးမိုးလို့တောင် ပြောင်းခေါ်ချင်ခဲ့မိတယ် ။

ညကရောက်တာနဲ့ အထုတ်တွေပစ်ချပြီး ကွန်ကိုဖွင့်လို့ အသည်းအသန်လိုက်ရှာခဲ့မိတယ် မရှိခဲ့ပါဘူး ။ ကိုယ့်ဘလော့ကိုမဖွင့်ဖြစ်ပဲ ဘာတွေရေးထားလဲ စိတ်ညစ်နေလား နေကောင်းရဲ့လား ဘယ်တွေသွားနေလဲ အပြေးအလွှားအရင်ဖတ်မိတယ် ။ စကိုက်ကိုလည်းဖွင့်လို့ ဖုန်းများခေါ်လို့ရမလားလို့ ကြည့်တော့လဲ မရနိုင်ပြန်ဘူးလေ ဒီတော့ရနိုင်မယ့်အချိန်ကို ကြည့်ရင်းအိပ်ပျော်သွားတယ် တရေးနိုးတော့ မစ်စ်ကောလ်ကိုသွားတွေတယ် နားကြပ်ကနားနဲ့လွတ်သွားတော့ ခေါ်တာကိုမသိလိုက်ဘူးလေ မနက်၃နာရီလောက်ကြီး ပြန်ခေါ်တော့လည်း မရခဲ့ဘူးလေ ။ ၆နာရီခွဲနိုးတာနဲ့ ပြေးလွှားပြီးကြည့်တော့ ခေါ်လို့ရတာနဲ့အရမ်းဝမ်းသာပြီး စကားမိနစ်၂၀လောက် ပြောခဲ့ဖြစ်တယ်လေ ။ ရုံးကိုပျော်ရွှင်စွာနဲ့ပဲ လာခဲ့တယ်လေ ဒီလောက်ဆိုရင်ကို ကျေနပ်နေတဲ့သူကို ဘာလို့မြင်တာနဲ့ ပုန်းလိုက်တာလဲလို့ မမေးချင်တော့ဘူး ။ အလိုက်တသိလေးပဲ ကိုယ်ဘလော့ပေးလိုက်တယ် ။ ဘလော့ပေးတာမကြိုက်ဘူးဆိုတဲ့သူကို ဘလော့ပေးလိုက်တာ မမှားဘူးလို့ထင်ပါတယ် ကိုယ်မရှိရင်ပျော်နေမယ်လို့လဲ ထင်မိလို့ပါ ။

တင်းကြပ်လာလို့ ချက်ချင်းချရေးလိုက်တာပါ ။ လာဖတ်ပါလို့မတောင်းဆိုပါဘူး ရောက်ခဲ့ရင်လည်း ဒီပို့စ်လေးကိုကျော်ဖတ်သွားပေးပါ ချစ်ရသူရယ် ............. ။

ဆက်ဖတ်ချင်သေးရင်...