Tuesday, March 16, 2010
ဒီရေဒီမြေသို့ တစ်ခေါက်-၅
၁၉.၂.၂၀၁၀ ...၀ိုး ဒီနေ့ ကိုယ့်စိတ်ကြိုက်သွားခွင့်ရမယ့်နေ့လေး ရောက်လာပြီပေါ့ကွယ် ။ ဒီနေ့သွားရမယ့် လမ်းကနည်းနည်းများတယ်လေ ချစ်သူငယ်ချင်း ခိုင်ဇာ ၊ သီရိ တို့နဲ့တွေ့ရမယ့်အပြင် သူတို့ရဲ့ကလေးလေးတွေ နဲ့ပါ တွေ့ရမယ်ဆိုတော့ သစ်သစ်တစ်ယောက် ပျော်နေပြီပေါ့လေ ။ သူတို့တွေနဲ့ သစ်သစ်ခွဲနေရတာ ၁နှစ်ကျော်ရှိနေပြီလေ ။ သစ်ချစ်သူငယ်ချင်း ရွှေဝါကတော့ နေပြည်တော်ရဲ့ တည်ဆောက်ရေးလုပ်ငန်းခွင်မှာ အရေးကြီးလို့ သစ်ပြန်မယ်ဆိုတဲ့ ၂၈ရက်နေ့မှ ပြန်လာရမယ်တဲ့လေ မတွေ့ခဲ့ရတဲ့ သူငယ်ချင်းလေးပေါ့ ...။
မနက် ၁၀နာရီ တွေ့မယ်ဆိုတော့လေ သစ်က သစ်သူငယ်ချင်းသီရိတို့သားအမိကို ၀င်ကြိုပြီးတော့ အသည်းယားစရာလေး သစ်သူငယ်ချင်းသမီးလေးကို တွေ့လိုက်ရသလို သီရိရဲ့မိန်းမဆန်တဲ့မိခင်တစ်ယောက်ရဲ့ အလှကိုတွေ့လိုက်ရတယ်လေ ။ ကားပေါ်မှာအသည်းတယားယားနဲ့ကလေးလေးကို ထိကိုင်နေရတာ စိတ်လှုပ်ရှားစရာပါ ။ နောက် ခိုင်ဇာအိမ်ကိုရောက်တော့ မမချော သား သစ်အချစ်လေးက ကျောင်းသွားနေတယ်တဲ့လေ မတွေ့ခဲ့ရဘူးဆိုပါတော့ ။ သားအငယ်လေးက ရက်သားလေးပဲရှိနေသေးတယ်လေ ။ ခိုင်ဇာကသမီး မိန်းကလေးလိုချင်သူဆိုတော့ သီရိသမီးလေးကို တကိုင်ကိုင်နဲ့ အမှန်အတိုင်းဝန်ခံရရင် သစ်သူငယ်ချင်းတွေ အိမ်ထောင်ရေးသာယာစိုပြည်တာ တွေ့ရတော့ သစ်တစ်ကယ်ကိုဝမ်းသာမိပါတယ် ။ သူတို့တွေကို အဲ့လိုတွေ့ရတော့ တချိန်တုန်းက သူတို့အပျိုဘ၀က ပျော်စရာလေးတွေ ပြန်စဉ်းစားမိခဲ့တယ် ။ သီရိသမီးလေးကို သစ်ကချီဖို့ကြိုးစားသေးတယ် ၂လကျော်ကလေးကို ချီရတာ တကယ်ကိုစိတ်လှုပ်ရှားစရာ ကောင်းလွန်းလှပါတယ် ။ သစ်ကိုယ့်ဘာသာစိတ်မချတော့ မြန်မြန်ပြန်ပေးလိုက်တယ် ။ သူငယ်ချင်းကိုလည်း ဘေးကနေ ဟိုဟာကဘယ်လို ဒီဟာကဘယ်လို ထိုင်မေးနေတော့ သူတို့၂ယောက်လုံးကို သစ်သစ်ကို အပျိုကြီးဆိုပြီး နှိပ်ကွပ်ပြီးတစ်ခုပြီးတစ်ခု ပြောတော့တာပဲလေ ။
နေ့လည်စာကို ခိုင်ဇာအိမ်မှာပဲ စားပြီး ကလေး ၂ယောက်ကြားမှာ ဟိုဟာကြည့်လိုက် ဒီဟာကြည့်လိုက်နဲ့ အချိန်တွေကုန်မှန်းမသိကုန်လာခဲ့တယ်လေ ။ ညနေ ၃နာရီမှာ သစ်သစ်အွန်လိုင်းမှာချစ်ခင်ရတဲ့ သစ်အစ်ကိုနဲ့ပက်သက်ပြီး ခင်မင်ရတဲ့ အမတစ်ယောက်ကိုတွေ့ဖို့ အချိန်ရောက်လာခဲ့တယ် ။ ဒါနဲ့ပဲ သစ်သီရိတို့သားအမိနဲ့ ပြန်လာပြီး သီရိတို့ကို တက်ဆီပေါ်တင်ပေးလိုက်ပြီး သစ်ကတော့ချိန်းထားတဲ့မြေနီကုန်းကို ချီတက်ခဲ့ပါတယ် ။ မြေနီကုန်းမှတ်တိုင်မှာ သစ်သစ်ကစောင့်နေတယ်ဆိုပါတော့ ဟိုအစ်မကိုဖုန်းဆက်တော့ မှတ်တိုင်ရောက်နေပြီလို့ပြောပါတယ် ။ သစ်လည်းမှတ်တိုင်မှာပဲ ဘာကြောင့်မတွေ့ရတာလဲဆိုတော့ ပြောင်းလဲခြင်းတစ်ခုကို စတွေ့ခဲ့ပါတယ် ။ မြေနီကုန်းမှတ်တိုင်လေးက လှည်းတန်းဘက်ကနေလာရင် မြေနီကုန်းမီးပွိုင့်မတိုင်ခင်နေရာကို ပြောင်းသွားခဲ့ပါပြီ ။ သစ်သစ်ကမသိတော့ မှတ်တိုင်ဟောင်းပဒုမ္မာပန်းခြံထောင့်မှာပဲ စောင့်နေတော့မတွေ့နိုင်ဖြစ်နေခဲ့တာလေ ။ နောက် ဟိုအမက အဲ့နေရာမှာပဲစောင့်နေ သူလာခဲ့မယ်ဆိုတော့ သစ်တစ်ခါမှမမြင်ဘူးတဲ့သူကို စောင့်နေခဲ့ပါတယ် ။ အမက ဆံပင်အရှည်ကြီးဆိုတာတော့ သစ်ကသိနေခဲ့တယ်လေ သူကတော့အဝေးကပဲ သစ်ကိုမှတ်မိနေခဲ့တယ်တဲ့လေ ။
တွေ့တွေ့ချင်းအမက သစ်ကိုလက်ဆောင်တွေပေးတယ်လေ ဟိ...။ နောက်ဘယ်သွားချင်လည်းဆိုတော့ သစ်ကစာပေလောက ၅ ပန်းဆိုးတန်းကိုသွားချင်တယ်ဆိုတော့ သူကလိုက်ပို့ပေးခဲ့တယ်လေ ။ သစ်စာအုပ်တွေဝယ်တော့ အဲ့မမက စိတ်ရှည်လက်ရှည်စောင့်နေပေးခဲ့တယ် ဆိုပါတော့ တကယ်ကိုစိတ်ရှည်တဲ့ မမပါ ။ အဲဒီမှာပဲ အချိန်ကတော်တော်ကို ကြာသွားခဲ့တယ်လေ နောက်ဘယ်နေရာသွားချင်သေးလဲဆိုတော့ အချိန်ကတော်တော်နောက်ကျနေခဲ့ပြီလေ ။ မြေနီကုန်းက၀ိုင်ကေကေအိုမှာ သွားစားမယ်ဆိုပြီး ချီတက်ခဲ့ကြတယ်လေ ။ တွေ့တဲ့အချိန်မှာလည်း ငယ်ပေါင်းတွေလည်းစကားတွေ ရေပက်မ၀င်ပြောဖြစ်တယ် အစ်ကို့အကြောင်းလည်းပါတာပေါ့နော် (အစ်ကိုကပြောပါတယ် သူအဲ့နေ့ကအလုပ်မှာ အရမ်းအိပ်ချင်နေတာတဲ့ ) ..။ နောက်မမနဲ့လမ်းခွဲတော့ ည၈နာရီထိုးနေပြီပေါ့...။ ဒီလိုနဲ့အိမ်ကိုပြန်ရောက်တော့ မမကဖုန်းဆက်ပါတယ် တို့၂ယောက်တွေ့တာ ဘာမှရှိုးတိုးရှန့်တန့်ဖြစ်မနေဘူးနော်တဲ့ ။ စိမ်းလည်းမနေဘူးနော်တဲ့လေ....း) ။
၂၀ရက်နေ့မှာ သွားတာများလွန်းတော့ နောက်ပို့စ်တစ်ပုဒ်အဖြစ်ခွဲရေးပါ့မယ်နော်....။ ဆက်တိုက်ရေးရင် စာဖတ်သူတွေငြီးငွေ့မှာစိုးလို့ ရက်ခြားပြီးတော့ သစ်သစ်တင်ပေးတာပါ ။ လာဖတ်သူများအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်...။ ဆက်ရေးပါဦးမယ် ။
ဝယ်လာခဲ့တဲ့ စာအုပ်တွေပေါ့
နာမည်ကြီးဆိုပဲ ၀ိုင်ကေကေအို ကြေးအိုး နဲ့ ကြံရည်
သီရိတို့သားအမိ (အသဲယားစရာလေး )
7 comments:
  1. အဝေးကြီးကနေ ဟိုအစ်မကမှတ်မိမှာပေါ့ ပြစ်မလွဲဂျီးကိုး ( ကဲ မှတ်ပလား နာတို့ ကိုကျိန်ဆဲအုံး )
    ReplyDelete
  2. ဘာရေးရကောင်းမလဲ မရေးရင်နူမှာစိုတော့ ရေးကိုရေးမှဖစ်မယ်
    စာအုပ်ဖတ်ပီးရင် နာ့ကိုဌား
    ကြေးအိုးဆို ကိုယ်တိုင်လုပ်တာလွဲရင် မကြိုက်
    သီရိတို့သားအမိကိုကြည့်ပီး နင်အားကျနေတာ နာ့တိဒယ်
    (ကဲ မှတ်ပလား နာတို့ကို ကျိန်ဆဲအုန်း)
    ဗစ်ဆီကကူးချဒယ်။ ဘာဖစ်လဲအေ့ ဘာဖစ်လဲ
    ReplyDelete
  3. YKKO ကြေးအိုးထက် ဘူတာရုံလမ်းက ဇော်ကြေးအိုး ပိုကြိုက်တယ်စ်
    ဘာစာအုပ်မှ သယ်မလာဘူးလားး ဒါပုံတော့ အပုံလိုက် ရိုက်ပြထားတယ် hit2
    ReplyDelete
  4. အပျိုကြီးသစ်သစ် သူငယ်ချင်းအိမ်တွေလျှောက်လည်ပြီး အားကျလာခဲ့တာပေါ့လေ..
    စာအုပ်တွေပေးငှားဖတ်ဖို့ ပြင်ထားပါ ဒါပဲပြောမယ်..ငှင်းငှင်း..
    (နောက်တခါ လာမမန့်တဲ့လူ လက်နူလို့ ပြောရဲဦးမလားဆိုတာ)
    ReplyDelete
  5. ပစ်မလွဲကြီးကို ဘယ်သူမဆို မှတ်မိတယ်အေ့ ဟွန့် 
    ဘေဘီ့ သားလေးကိုလည်း ချစ်တယ် (ဆိုင်၂ မဆိုင်၂ ချစ်ပလိုက်တယ်) အဟိ
    သီရိသမီးလေးကို ကလေးမေ၂မသိခင် ကိုက်ပလိုက်ချင်တယ်
    ReplyDelete
  6. ခုမအားလို့  အားရင် ထပ်မန့် မယ်
    ReplyDelete
  7. အမလေး.။.။ ဒေါ်ပိုး.. သူ ဝချင်တာနဲ့ ကလေးကို ကိုက်စားတော့မယ်
    ReplyDelete