Wednesday, September 12, 2012

ကျမ နဲ့ သူ

တစ်နေ့လုံးမိုးရေထဲ လျှောက်သွားနေရတာကတစ်ကြောင်း ကားစီးလာခဲ့ရတာကတစ်ကြောင်းနဲ့ လူကတစ်ကယ်ဆိုတော်တော်လေးပြိုင်းနေပါပြီ ။ ည၇နာရီ သူနဲ့ညစာသွားစားချိန်မှာတောင် မလှုပ်ချင်တော့ဘူး သူလည်းကိုယ့်ကိုကြည့်ပြီး သိပုံပေါ်တယ် စားပြီးဟိုတယ်ပြန်ပို့တယ် စောစောအိပ်လိုက်တဲ့ ။ ဟိုတယ်ရောက်တော့ ညီအစ်မ၂ယောက် စကားတွေပြောလိုက် အခန်းထဲကတီဗီကိုလည်း ဖွင့်ထားတာပေါ့ ။ ဟိုအကြောင်းပြော ဒီအကြောင်းပြောနဲ့ ည၁၀နာရီကျော်လောက်ထိ အခန်းမီးမပိတ်ပဲ စကားပြောနေမိခဲ့တယ်။ ဖွင့်ထားတဲ့တီဗီကလည်း ဒီလိုင်းကြီးကကြည့်မကောင်းလိုက်တာဆို တစ်လိုင်းပြောင်းသွားတယ် သူ့အလိုလိုပေါ့ ဒါပေမယ့် ၂ယောက်လုံးကသတိမထားမိဘူး တီဗီကိုပဲစွဲမြဲစွာထိုင်ကြည့်နေတာလဲမဟုတ်တော့ နှုတ်ကနေပြောလိုက်တိုင်း လိုင်းကတလိုင်းပြီးတလိုင်း ပြောင်းနေခဲ့တာ လုံးဝကိုမစဉ်းစားမိပဲ ဟိုတယ်ကတခြားနေရာမှာကြည့်နေတဲ့သူတွေ သူတို့မကြည့်ချင်လို့လိုင်းပြောင်းနေတယ်ပဲ ထင်ခဲ့ကြတာလေ ။ ည၁၀နာရီကျော်အိပ်ပြီပေါ့ မီးအကြီးတွေပိတ်အခန်းမီး၂လုံးပဲ ထွန်းထားပြီး အမကတော့အိပ်ပျော်သွားတယ် ။ လူးလူးလှိမ့်လှိမ့်နဲ့အိပ်မပျော်သူက ကျမပဲပေါ့ သူ့ဖုန်းဆီမက်ဆေ့ပို့လိုက် တောင်စဉ်းစားလိုက်မြောက်စဉ်းစားလိုက်နဲ့ ၁၁နာရီကျော်လောက်အိပ်ပျော်သွားတယ်ထင်တာပဲ ။ ထူးဆန်းစွာမနက်၃နာရီလောက်ကြီး ညီအမ၂ယောက်ပြန်နိုးနေကြတယ် ။ အမအိပ်ယာဘက်က ညအိပ်မီးက ကျမမျက်လုံးကိုစူးတော့ ကျမက အမကိုနင်ပိတ်လိုက်နင့်မီးကိုဆိုတော့ အမကငါအိပ်နေပြီ နင်ထပိတ်တဲ့ ငါလည်းမထချင်ဘူး နင်ပိတ်လို့ပြောနေချိန်မှာ ထောက်ခနဲအဲ့ဘက်မီးပိတ်သွားခဲ့တယ် ။ စောင်အောက်ကနေငြင်းခုန်နေတဲ့ ညီအမ၂ယောက် အသံတိတ်သွားတယ် ဒါပေမယ့်မီးပိတ်အေးရောဆိုပြီး ဆက်အိပ်ကြတယ် ။ မနက်၇နာရီပတ်ဝန်းကျင်မှာ သူဖုန်းဆက်တော့၂ယောက်စလုံး နှစ်ခြိုက်စွာအိပ်ပျော်နေကြတုန်းပဲ ဒါပေမယ့်မီးတွေတစ်လုံးမှမပွင့်တော့ မီးပျက်နေတာဆိုပြီး ညကကိစ္စကိုမေ့သွားခဲ့တယ် ။ နောက်ရေမိုးချိုးပြီး သူလာခေါ်တာစောင့်နေချိန်မှာ ညကကိစ္စကိုပြန်ပြောဖြစ်ကြတယ် ရီမုကလည်း နင်လည်းမကိုင် ငါလည်းမကိုင်ပဲ လိုင်းတွေပြောင်းနေတယ်နော်တို့ မီးပိတ်တဲ့ကိစ္စတို့ပေါ့ ဘာသိဘာသာပါပဲ အဲ့အချိန်ထိ သူလာတော့သူ့ပြောပြတော့လည်း သူကဟုတ်လားဆိုရုံကလွဲလို့ ဘာမှထွေထူးမပြောခဲ့ဘူး ။ ညနေပိုင်း မောင်ငယ်လေးတစ်ယောက်နဲ့ ဆိုင်တစ်ခုမှာတွေ့ဆုံစားသောက်တော့မှ ပြင်ဦးလွင်ရဲ့ဘယ်ဟိုတယ်ကဖြင့် ဘယ်လိုသူရဲခြောက်ကြောင်း ပြင်ဦးလွင်ရဲ့သရဲအကြောင်းတချို့တွေ ပြောပြမှ ညီအမ၂ယောက်မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်နဲ့ ညကအကြောင်းပြန်တွေးမိကြတယ်။ သူ့ကိုမေးတော့ ဟုတ်တယ်တဲ့ သူရဲခြောက်တယ်လို့တော့ ပြောကြတာပဲတဲ့....တိန်(သူကသူရဲတွေဘာတွေယုံကြည်ပုံမပေါ်)။ ညနေဘက်ရောက်တော့ပြန်ရတော့မယ်လေ သစ်သစ်တို့မျက်နှာပျက်နေပြီပေါ့ ဘာပြောကောင်းမလဲ ။ ဘာမှလည်းမပြောတော့ဘူး သူကလည်းရီအောင်အမျိုးမျိုးပြောပေမယ့် နှစ်ခြိုက်စွာမရီနိုင်တော့ဘူး ။ နေ့လည်ပိုင်းကသူဝယ်ပေးတဲ့အရုပ်ကြီးပိုက်ပြီး ငူငူကြီးမတ်တပ်ရပ်နေတဲ့ကျမကို သူမသိသလိုပဲကြည့်နေတယ် (အမကငုတ်တုတ်ကြီးဆိုတော့ အနားတောင်မကပ်နိုင်)စကားလည်းမပြော ခုရေးနေရင်းနဲ့တောင် ပြန်သတိရလာပြီ ဟင့် ။ ကားလာတဲ့အချိန်မှာ ကျမကကားပေါ်တက်တော့ သူကိုယ်တိုင်ကားပေါ်လိုက်ပို့ပေးပြီး ပြန်ဆင်းသွားချိန်မှာ ဘယ်သူနဲ့မှ ကျမစကားမပြောချင်တော့ပါဘူး ။ သူကချက်ချင်းဖုန်းခေါ်ပါတယ် (ကျမရဲ့ခံစားချက်တွေကို သူသိသလိုပါပဲ) ဟိုပြောဒီပြောလုပ်ပြီး ကျမတို့ကား မိတ္ထီလာရောက်တဲ့ထိ သူမအိပ်ခဲ့ပါဘူး ။ ကျမတို့၂ယောက်ရဲ့တွေ့ဆုံချိန်တိုင်းဟာ အေးဆေးစွာကဗျာဆန်မနေပဲ အမြဲအချိန်ကိုလုနေခဲ့ရပါတယ် ။ ကျမပြန်မယ့်နေ့မှာ သူတာဝန်တွေနဲ့ဆိုတော့ ဖုန်းခေါ်တာနဲ့ ချက်ချင်းပြန်ရမယ့်သူမို့ သူ့ကိုချစ်ရတာ ကျမအတွက်တော့ ဘယ်သောအခါမှ အေးဆေးနိုင်မယ်မထင်ပါဘူး ။ ဒီလိုနဲ့~~~~ ဆက်ရန်

18 comments:

  1. Hee Hee . The above comment is just testing . I put comment by phone ... Yayyyyyyyyy....

    ReplyDelete
  2. ဟင်... ဒီလိုဥာဏ်ရည်မမှီတဲ့လက္ခဏာမျိုးနဲ့ဆို စီဘောက်ကလူတယောက်ပဲဖြစ်ရမယ်

    ReplyDelete
  3. တရဲက ရေချိုးတော့ရော ကြည့်နေလား မသိဘူးနော် အာဟိ

    ReplyDelete
  4. ဟမ်...သူပြောမှပဲ ဒုက္ခပါပဲ မိန်းမဖြစ်ပါစေ

    ReplyDelete
  5. အပေါ်က မှုံ့ မာသားကြီး နာတိတယ် .. :P

    ReplyDelete
  6. :P ကတော့ သူလေ
    Anonymous ကရော သူပဲလား

    ReplyDelete
  7. ဟုတ်ဒယ်... ကလေးသိပ်ရင်း ဖုန်းနဲ့ ဖတ်နေဒါ.... အပေါ်ဆုံး ၃ ခု အီဖေကိုယ်ပဲ ငှင်းငှင်း

    ReplyDelete
  8. အွန် ဖြစ်ရလေ ဆင်ဆင်ရယ်

    ReplyDelete
  9. အောင်မာ နာ့ကို ဥာဏ်ရည်မမီဘူးတဲ့.. ဒီက ကျပ်ကျော်နေဒါ... ဟွန်း
    တစ်ခါက အန်တီတင့် ဘလော့မှာ ဖုန်းကနေ ကောမန့် ပွတ်မရလို့အေ့

    ReplyDelete
  10. ဟားဟား..မှုံ့မှုံ့မေမေဆိုရင်တော့ မှီမှာပါလေ ဥာဏ်ရည်ပြောပါတယ် :D

    ReplyDelete
  11. ပြင်ဦးလွင်မှာ သရဲခြောက်တာနာမည်ကြီးနေတာ တကယ်ပဲလားဟင်
    မမြင်ဖူးပေမယ့်ကြောက်တယ်

    ReplyDelete
    Replies
    1. ပြောကြတာပဲ ချို...
      သစ်ကြုံခဲ့ရတာတော့ အဲဒါလေးပါပဲ သရဲခြောက်တယ်လို့လဲမပြောသာပါဘူး ..း)

      Delete
  12. ဆက်ပါ။ပေတလောက က ပီးပီပေါ့နော်။သစ်တို့ သတ္တိ ၇ှိတယ်။

    ReplyDelete
    Replies
    1. ဟဟ ပေတေလောကဆိုပဲ
      ဒီနေ့ဆက်ရေးမယ် အသဲ...း)

      Delete
  13. ဒါ သရဲခြောက်တာ မဟုတ်ဘူးဆိုတော့ သရဲ နောက်တာပေါ့နော်။

    ReplyDelete