ဧပြီလက ရန်ကုန်ပြန်ပြီးတော့ စီစဉ်မရှိပဲ ပြီးခဲ့တဲ့လက ရန်ကုန်ကို၂ပတ်တာပြန်ရောက် ဖြစ်သွားခဲ့ပါတယ် ။ အရေးကြီးကိစ္စတချို့လုပ်စရာ ရှိတာရယ် အကြောင်းအရာတချို့ရှင်းလင်းချင်တဲ့စိတ်တွေရယ်ကြောင့် ရုတ်တရက်ထပြန်တယ်ပြောလည်း မမှားပါဘူး ။ သေချာတာတစ်ခုကတော့ ကျန်းမာရွှင်လန်းနေတဲ့မိဘတွေကို တွေ့ခွင့်ရတာအမြတ်တစ်ခုပဲပေါ့ ။ နောက်မိုးရေထဲက ရန်ကုန်ရယ်ပေါ့ နေ့စဉ်နေ့တိုင်း ညနေပိုင်းမှာ မိုးတွေသဲကြီးမဲကြီးရွာတတ်လို့ အပြင်သွားဖို့တောင် ခက်ခဲခဲ့ပါတယ် ။
ပြန်မယ့်ရက်ကကြားရက်ဆိုတော့ လိုက်ပို့ပေးမယ့်သူငယ်ချင်းတွေအခက်ကြုံရပါတယ် ။ ရုံးချိန်ကတဖက်နဲ့မနက်၅နာရီကျော်လောက်ကြီး လိုက်ပို့တာတောင် သူတို့တွေရုံးချိန်နောက်ကျလို့ စိတ်မကောင်းဖြစ်မိပါတယ် ။ ပြန်မယ်ဆိုတော့ တချို့ကလည်း တစ်ယောက်သောသူမြန်မာပြည်မှာမို့ ၄လတောင်မကွာသေးဘူး ပြန်တယ်လို့စွပ်စွဲကြပါသေးတယ် (အထင်ခံရနည်းလား အဟိ)။ ပထမဆုံး MAI ကိုစီးပါတယ် လွယ်ထားတဲ့လက်ကိုင်အိတ်ပါထည့်ချိန်တယ်လို့ သူများပြောတာကြားဖူးပေမယ့် ကိုယ့်အလှည့်ကျမှတကယ့်ကိုကိုယ်တွေ့ပါ ။ ပထမတစ်ကြိမ်တန်းစီပါတယ် ကီလိုပိုနေပါသည်တဲ့ ပြန်လျော့ပေးပါတဲ့ ပြီးရင်ပြန်တန်းစီပါပေါ့ ။ ရပါသေးတယ် ဒီအထိသီးခံနိုင်ပါသေးတယ် နောက်တကြိမ်တန်းစီပြီးပြန်ဝင်တော့ နောက်ကောင်တာဖြစ်သွားလို့ ပထမကီလိုပိုတဲ့ကောင်တာမှာပဲ ပြန်ဝင်ပါဆိုလို့ ပထမကောင်တာလူလပ်မယ့်အချိန် ပြန်စောင့်ရပါတယ် ။ ဟန်းကယ်ရီ၁၀ ဖြတ်လို့ရပါတယ် ဒါပေမယ့် လက်ကိုင်အိတ်က ၃.၈ကေဂျီဖြစ်နေလို့ လက်ကိုင်အိတ်ကိုဟန်းကယ်ရီလုပ်ပါတဲ့ ယူလာတဲ့ဟန်းကယ်ရီ၁၀ကိုတော့ ဆောင်ပြီးချိန်ရပါမယ်တဲ့ ။ အဲ့အချိန်မှာ ကိုယ့်နောက်မှာလူ၂ယောက်ပဲကျန်တော့တယ် မြန်ဆန်တဲ့ဆုံးဖြတ်ချက်ချလိုက်ပါတယ် ငါဒီအိတ်ကိုမယူတော့ဘူး နင်တို့လေကြောင်းမှာငါအပ်ခဲ့လို့ရသလား ငါ့မှာအဖော်မပါလို့ ငါပြန်လာမှလာပြန်ရွေးမယ်ဆိုတော့ သူတို့ကရတယ်တဲ့ အိုခေ ငါအဲလိုပဲလုပ်လိုက်မယ်ဆိုတော့ လူတစ်ယောက်ရောက်လာပြီး လေယာဉ်မှာနောက်ဆုံးပါစင်ဂျာပဲတဲ့ သူတို့ဂိတ်ပိတ်တော့မယ်တဲ့ ယူခွင့်ပေးလိုက်တော့ဆိုတော့ ကံကောင်းစွာနဲ့ဟန်းကယ်ရီ၁၀ကို ယူသွားလို့ရတယ်ဆိုပေမယ့် ချန်ဂီလေဆိပ်ကြီးမှာ အကျီင်္နီနီနဲ့အစောဆုံးရောက်ပြီး ဂိတ်ပိတ်တော့မှာမို့လို့ ပြေးလွှားခဲ့ရတဲ့သစ်သစ်ကို မှန်းလို့သာကြည့်ပါလေ ။ လေယာဉ်ပျံပေါ်ရောက်တော့ ပြောလို့ပြောတာမဟုတ်ပါဘူး ၃ခုံ၁ယောက်နှုန်းပဲရှိပါတယ် တမင်ပိုက်ဆံလိုချင်လို့ရစ်တယ်လို့တောင် ထင်ရပါတယ် ။ MAI နောက်လုံးဝမစီးတော့ပါလို့ ဆုံးဖြတ်မိတဲ့နေ့ပြောရင်လည်း မမှားပါဘူး ။
ရောက်ပါပြီ ရန်ကုန်လေဆိပ် ဘာပါလဲတဲ့ ဘာမှကိုမပါဘူးလို့ ဒါဆိုဧပြီကတခေါက်ပြန်လာသေးတယ်နော်တဲ့ အင်းလို့ဆိုတော့ ခုတခေါက်ကမြန်လှချည်လားတဲ့ ဘာမှမပြောတော့ဘူး ဒိုင်းခနဲကြည့်လိုက်တယ် ဘိုးတော်ကလည်းမခေပါဘူး စင်္ကာပူကနေထိုင်ခွင့်ကတ်ပြားပြပါတဲ့ (သိမသိတော့ မသိပါဘူး)ကုန်ဖို့၃လပဲလိုတော့တယ်နော်တဲ့ သက်တမ်းတိုးဦးနော် စလုံးကပြောတယ်ဆိုခံသာပါသေးတယ် ရန်ကုန်ကပြောလို့ စိတ်ထဲချဉ်တာနဲ့ စလုံးမှာသက်တမ်းတိုးဖို့အချိန်ယူစရာမလိုဘူးလို့ မနက်တိုးညနေကတ်ထွက်တယ်လို့ တမင်ကိုပိုပိုသာသာပြောပစ်ခဲ့တယ် ။ မေ့နေမှာစိုးလို့သတိပေးတာပါတဲ့ နောက်ဆုံးတော့ဘာမှမရမှန်းသိပြီး မပြန်ခင်ဒီဖောင်းလုပ်ဖို့ မမေ့နဲ့နော်ပြောပြီး ပတ်စ်ပို့ကိုအပြန်ပြန်အလှန်လှန် စစ်ဆေးကြည့်ရှူပြီးမှ လွှတ်လိုက်ပါတယ် ။ စင်္ကာပူချက်အင်ကောင်တာက ထွက်လာတဲ့ဒေါသဟာ သိပ်ကိုအရှိန်ပြင်းထန်နေပါပြီ နောက်ဆုံးပေါက်ကွဲဖို့ရာ အိမ်ကလာကြိုတဲ့အမကားကို မတွေ့ချိန်မှာလမ်းစရသွားခဲ့ပါတယ် ။ တလောကလုံးသူ့လုပ်စာစားရတဲ့ရုပ်နဲ့ စူပုပ်ပြီးလေဆိပ်မှာထိုင်စောင့်နေတော့ ပြာယာခတ်နေတဲ့ပုံနဲ့အမက လေဆိပ်ထဲကိုဝင်လာတာတွေ့ချိန်မှ လက်ထဲကပစ္စည်းတွေ သူ့လက်ထဲပစ်ထည့်ပြီး ဆောင့်အောင့်ပြီးလေဆိပ်ခန်းမကနေ ကားပါကင်ရှိရာကို ချီတက်သွားတဲ့ သစ်သစ်ပါ ။
အိမ်မရောက်ခင် ဂေါက်ကွင်းလမ်းထိပ်အစမှာပဲ လမ်းပိတ်ဆို့ခြင်းနဲ့စတင် ကြုံတွေ့ခဲ့ရပါတယ် ။ အောက်မင်္ဂလာဒုံလမ်းမကြီးကို ကွန်ကရစ်လမ်းခင်းနေတော့ ကားတွေဟာပိတ်ဆို့ပြီး ရွေ့ဖို့အတော်လေးခက်ခဲပါတယ် ။ လေအဟုန်လိုဖြစ်နေတဲ့စိတ်က ဘာမှတွေးတောမနေတော့ပါဘူး ငါလမ်းလျှောက်သွားတော့မယ် နင့်ဘာသာကားမောင်းလာခဲ့တော့ဆိုပြီး အိမ်ကိုလမ်းလျှောက်ပြန်ခဲ့ရတဲ့ သစ်သစ်ပါ ။ ကားဟွန်းသံလဲမကြား ခြံတံခါးဖွင့်သံလည်းမကြားတော့ အဖေနဲ့အမေက ကျမပြန်လာတာတောင် မသိလိုက်ကြပါဘူး ။ အိမ်ပေါ်တက်ပြီးဖုန်းကိုယူ ဆက်သင့်ဆက်ထိုက်သောချစ်ဆုံးများဆီ ရောက်ရှိကြောင်းသတင်းပို့ပြီးမှ ကားဟွန်းသံကြားလို့ အိမ်နောက်ဖေးကအဖေနဲ့အမေထွက်လာချိန်မှာ ကျမအိမ်ပေါ်ထပ်က ကျမအိပ်ယာမှာလှဲလျောင်းနေပါပြီ ။ အ၀တ်အစားလဲပြီးဆင်းလာတော့မှာ ဗိုက်ဆာတယ်ဆိုပြီး အမေကိုပြေးဖက်လို့ ကျမသစ်သစ် ~~~~~~~ ဆက်ရန်

စိတ်ကလည်း ကြီးပါ့..
ReplyDeleteအဲဒါတွေကြောင့် ပိုက်ဆံ အကုန်ခံပြီး ပိုးသားလို နူးညံ့တဲ့ လေကြောင်းလိုင်းကို ရွေးစီးတာပေါ့..
=P
အပေါ်က မအမမက များလား
ReplyDeleteဗိုက်ဆာတယ်နဲ့ ဆုံးသွားပါလား
ReplyDeleteဗေဒင်မေးရင် ဆန်ကုန်တယ် သေချာတာပေါ့ မအမမက :D
ReplyDeleteဗိုက်ကဆာနေပြီလေ နေ့လည်၁၁နာရီဆိုတော့ ...ဟိ
အမ်မယ် ကံကောင်းလို့ ပြန်ကြည့်မိတယ် ဒီပို့စ်ကို။
ReplyDeleteအပေါ်က ငါ မဟုတ်ပါဘူး။
ဟုတ်လား ငါက နင်ထင်လို့ :D
Deleteမဟုတ်ဘူးလား..မဟုတ်လဲ ပြီးတာပ.... (စွပ်စွထြားပြီး ခပ်တည်တည်ပဲ ..ညှင်းညှင်း)
Delete