Tuesday, September 11, 2012

လွမ်းမောရတဲ့ပြင်ဦးလွင်

ကြိုတင်လုပ်စရာရှိတာတွေ လုပ်ထားပြီးတော့ နောက်နေ့မနက်စောစောမှာပဲ ရန်ကင်းကပြည်ထဲရေးရုံးကို ချီတက်ခဲ့ပါတော့တယ် ။ ချိန်းထားတဲ့ ၉နာရီဟာ ၁၂နာရီထိုးခါနီးမှ ရောက်လာတဲ့အေးဂျင့်ကို စိတ်ပျက်လို့ အောင့်အီးကာကိုယ့်ကိစ္စပြီးအောင် လုပ်ကိုင်ရင်း ပြည်ထဲရေးရုံးကထွက်ခွာလာချိန်ဟာ ညနေ၄နာရီကျော်လာခဲ့ပါပြီ ။ လာကြိုတဲ့အစ်မနဲ့တစ်ခုခုစားမယ်ဆိုပြီး ကမ္ဘာအေးဂမုန်းပွင့်ဆိုတာ ပထမဆုံးဝင်ရောက်ခဲ့ပါတယ် ။ စိတ်ထဲမှာလည်း ပြန်လာခြင်းကိစ္စတစ်ခုမှာ တစ်ဝက်လောက်ပြီးသွားပြီဆိုတော့ အနည်းငယ်စိတ်အေးတာလည်း ပါတာပေါ့လေ ။ တဆက်တည်းပြန်မလာခင်ကတည်းက ဒီကိစ္စအတွက် ငွေကြေးကအစ အစစအရာရာကူညီလုပ်ကိုင်ပေးတဲ့ ရန်ကုန်မှညီမငယ်သီရိကိုလည်း ကျေးဇူးတင်ကြောင်းထည့်ပြောမှဖြစ်ပါလိမ့်မယ် ။ ခင်ရာဆွေမျိုးဆိုတဲ့စကားအတိုင်း လူတိုင်းမှာကောင်းတိုင်ပင်ဆိုးတိုင်ပင်ကတော့ ရှိသင့်တယ်ဆိုတဲ့အထဲမှာမှ ကျမထက်၆နှစ်လောက်ငယ်တဲ့ သီရိကကျမဘ၀ရဲ့ တိုင်ပင်ဖော်တယောက်လည်းဖြစ်ပါတယ် ။ လိုအပ်တာမှန်သမျှကို အမရင်းနဲ့မခြား ဆူပူဆဲဆိုရင်းလုပ်ကိုင်ပေးတာပဲ သူပါပဲလေ ကျေးဇူးတင်ပါတယ် ညီမလေးရေ ...း) ။ စင်္ကာပူမှာကတည်းက အချိန်ရရင်ဖြင့် ခရီးတစ်ခုထွက်ဖို့ဆန္ဒရှိပေမယ့် ဘယ်မြို့ကိုသွားဖြစ်မယ်ဆိုတာ ရေရေရာရာဝေခွဲမရခဲ့ပါဘူး ။ မြန်မာပြည်ပြန်တိုင်းခရီးထွက်လေ့ရှိပေမယ့် မိုးရာသီဆိုတော့ နေရာဒေသရွေးဖို့ရာအခက်အခဲ နည်းနည်းရှိခဲ့ပါတယ် ။ ဘယ်နေရာသွားသွား မိုးရွာမည့်အတူတူတော့..........အစဉ်အမြဲအေးချမ်းတဲ့ တောင်ပေါ်ဒေသလေးကို ရွေးချယ်ဖြစ်ခဲ့ပါတယ် ။ စိတ်မြန်တဲ့သူပီပီ ဂမုန်းပွင့်ကိုထွက်လာလာချင်းမှာပဲ အစ်မကိုငါခရီးထွက်မယ် ထုံးစံအတိုင်း နင်လိုက်ဦးမလားမေးရင်း လက်မှတ်ဝယ်ဖို့ အောင်မင်္ဂလာအဝေးပြေးကို ဆက်မောင်းခဲ့ပါတယ် ။ မြောက်ဥက္ကလာဘက်ကိုဖြတ်ချိန်မှာတော့ အရင်ကကားတွေကြပ်ပိတ်ပြီး ရပ်တန့်စောင့်ရတဲ့နေရာတွေမှာ ကွန်ကရစ်လမ်းကျယ်တွေဖြစ်ပြီး သွားရလာရဖြောင့်ဖြူးတာတွေ့ရတော့ စိတ်ချမ်းသာမိခဲ့ပါသေးတယ် ။ အောင်မင်္ဂလာထဲရောက်ချိန်မှာတော့ လူပြောသူပြောများတဲ့ Elite ကားလိုင်းကိုပဲတိုက်ရိုက်သွားရင်း ပြင်ဦးလွင်လက်မှတ်ကို စုံစမ်းလိုက်ပါတယ် ။ အထူးကားနဲ့ရိုးရိုးကားမှာ အထူးကားတွေက ၁၉၀၀၀ ကျပ်ဖြစ်ပြီး (ပေးရတာတန်ပါတယ် ဆားဗစ်ကောင်းတယ်)ရိုးရိုးကားက ၁၃၉၀၀ကျပ်ထင်ပါတယ် ။ အထူးကားလက်မှတ်၂စောင်ဝယ်ပြီး ပြန်လာချိန်မှာတော့ မင်္ဂလာဒုံဥယျာဉ်မြို့တော်ထိပ်ကနေ ခရေပင်လမ်းခွဲထိကားစီးချိန်ဟာ ငါကားစီးနေသလား လှည်းစီးနေသလားလို့တောင်ထင်ရပါမယ့် မပြင်ရသေးတဲ့လမ်းရဲ့ရှောင်မလွတ်ချိုင့်ခွက်တွေက နည်းနည်းနောနောမှ မဟုတ်ပေပဲလေ ။ ၁ရက် ၂ရက်လောက် ရန်ကုန်မှာ ခင်မင်သူတစ်ချို့နဲ့တွေ့ပြီးချိန်မှာ ခရီးထွက်ဖို့မိဘကိုခွင့်တောင်းရင်း စိတ်လွတ်ကိုယ်လွတ်အပန်းဖြေခရီးကို စတင်ခဲ့ပါတယ် ။ ရန်ကုန်အဝေးပြေးဝင်းကနေ ည၇နာရီကစတင်ထွက်ခွာလာတဲ့ ကျမတို့ကားလေးမှာ လူပေါင်း၁၀ယောက်လောက်နဲ့ ကိုယ်ပိုင်ကားစီးရသလို ဆားဗစ်ပေးတဲ့ညီမငယ်ရဲ့ ကြည်လင်ရွှင်ပျတဲ့မျက်နှာလေးနဲ့ ကော်ဖီသောက်လိုက် မုန့်လေးစားလိုက်နဲ့ ဘယ်လိုဘယ်လမ်းကမောင်းနေမှန်းတောင် မသိခဲ့ပါဘူး နားနေတဲ့နေရာကိုရောက်ခဲ့ပါတယ် ။ ကားပေါ်ကဆားဗစ်တစ်ချို့ကို ကြုံလို့ပြောပြခဲ့ချင်ပါသေးတယ် ။ ကားမှာ အရင်ကအခေါ်တော့ စပယ်ယာပေါ့နော် အဲလိုနေရာမှာဆားဗစ်ပေးဖို့ ကောင်မလေးတွေဖြစ်နေပါတယ် ။ သူတို့ကတစ်ညလုံးခရီးသည်ရဲ့လိုအင်မှန်သမျှကို ကူညီလုပ်ကိုင်ပေးလို့ ဆားဗစ်ကောင်းတယ်လို့အမှတ်ပေးလိုက်ပါတယ် ။ ကားမောင်းနှင်တဲ့သူအိပ်မငိုက်အောင်စကားတွေဆိုရင်း ဖြတ်သန်းလာလိုက်တာ တောင်ပေါ်တက်နေတဲ့ဖီလင်မျိုးခံစားရမှ မန်းဒလေးကျော်လို့ပြင်ဦးလွင်တက်နေပြီဆိုတာ သိခဲ့ရပါတယ် ။ လာကြိုမယ့်သူ့ကိုမက်ဆေ့ပို့ရင်း ပြန်အိပ်မရတော့ပဲ စိတ်လှူပ်ရှားပျော်ရွှင်နေသလို အမှောင်ထဲကနေပဲမြင်ကွင်းတွေကို လိုက်လံငေးမောနေခဲ့ပါတယ် ။ သူလာကြိုတော့ ဝေလီဝေလင်းမှာ ပြင်ဦးလွင်မြို့မှကြိုဆိုပါ၏ ဆိုင်းဘုတ်ကိုမြင်မှ ငါရောက်နေတဲ့မြေဟာ သယံဇာတပေါများပြီး အေးချမ်းတဲ့ငါတို့နိုင်ငံပါလားလို့ ပီတိဖြစ်မိပါသေးတယ် ။ ဘွတ်ကင်တင်ထားတဲ့ဟိုတယ်မှာ အစောကြီးဝင်နားရင်း တာဝန်တွေနဲ့သူ့ကိုပြန်စေပြီး ကိုယ်တို့ညီအစ်မကတော့ တစ်ညလုံးကားစီးလာလို့ ပင်ပမ်းပြီးဝင်အိပ်နေလိုက်တာ သူဖုန်းဆက်မှပဲ နိုးပါတော့တယ် ။ ဘယ်သွားမလဲဘာလုပ်ချင်လဲဆိုတာထက် စိတ်အေးအေးချမ်းချမ်းနဲ့ နေရာတစ်ခုမှာ တိတ်ဆိတ်စွာထိုင်ပြီးစကားပြောခြင်းကို နှစ်သက်တဲ့ကျမ ချမ်းချမ်းစီးစီးမှာပဲ ကိုယ်ဘယ်သွားမယ်မဆုံးဖြတ်နိုင်သေးပဲ ရေချိုးလိုက်တာ တော်တော်လေးအီစလံဝေသွားပါတယ် (ရေခဲရေတစ်မျှရေက အေးစက်နေလို့ပါပဲ) ။ သူလာခေါ်ချိန်မှာ နှင်းမိုးရွာသလိုမိုးလေးတွေရွာနေတော့ တစ်နေ့လုံးအဲလိုရာသီဥတုပဲမို့ စောင့်နေလဲမထူးဘူးဆိုပြီး မနက်စာစားဖို့ သူခေါ်ဆောင်ရာဆိုင်ကိုရောက်သွားခဲ့ချိန်မှာ ဘာစားမယ်ညာစားမယ်ကြိမ်းဝါးထားတဲ့ကျမ ထင်သလောက်မစားနိုင်ခဲ့ပါဘူး ။ စကားလည်းသိပ်မဆိုနိုင်သလို ပတ်ဝန်းကျင်လေ့လာမှူပဲများနေခဲ့ပါတယ် ။ သူတို့အရပ်ဒေသက ဆိုင်လေးတွေဖွင့်တဲ့ပုံစံရယ် သွားလာလှုပ်ရှားနေတဲ့သူတွေရယ် မြို့လေးရဲ့တိုးတက်ပုံတွေကို လိုက်ကြည့်ရတဲ့မြင်ကွင်းက တိုက်တာတွေကြားမွမ်းကြပ်မှူတွေနဲ့ ကျမအတွက် စိတ်လှုပ်ရှားမှူအသစ်ကို ပေးစွမ်းနိုင်ခဲ့ပါတယ် ။ သူနဲ့အစ်မကတော့ လေပေးဖြောင့်လို့ အဲ့ဒီအချိန်မှာ စကားတွေများများပြောနိုင်စွမ်းရှိတဲ့ ကျမအစ်မကို ရင်ထဲကတိတ်တဆိတ် ကျေးဇူးတင်သွားမိခဲ့ပါတယ် ။ မပြန်ခင်ကတည်းက စားချင်တာမှန်သမျှ ပူဆာထားတဲ့ကျမကို သူက ဟိုဟာစားဖို့ကျန်တယ် ဒီဟာစားဖို့ကျန်တယ် သတိပေးသလို ဆိုင်တော်တော်များများမှာလည်း အတူလိုက်ကျွေးရင်း အချိန်တွေကိုကုန်ဆုံးခဲ့ပါတယ် ။ အေးချမ်းတိတ်ဆိတ်စွာနဲ့သွားလာစားသောက်ပြီး ကျမတို့မှာလည်ပတ်စရာနေရာမရှိလောက်အောင် ဖြစ်နေခဲ့ပါတယ် ။ တူညီတာတစ်ခုကတော့ ၂ယောက်လုံးက ဟိုသွားမယ်ဒီသွားမယ်လို့ နေရာတွေကိုအပြေးအလွှားမသွားချင်ပဲ အေးချမ်းစွာစားသောက်ရင်း စကားပြောရတာကို ပိုနှစ်သက်တဲ့အကျင့်တစ်ခုပါပဲ ။ ဘုရားတွေဖူးရင်း ညနေပိုင်းကျတော့ ကျမလည်းဟိုတယ်ပြန်အိပ် သူလည်းသူ့အဆောင်ပြန်သွားပြီး တစ်နေ့တာကုန်ဆုံးစေခဲ့ပါတယ် (လွမ်းမောရပါတယ် ပြင်ဦးလွင်ရယ်)။ ပြင်ဦးလွင်ဟိုတယ်တွေဟာ သူရဲခြောက်လေ့ရှိတယ်ဆိုတာ သူကျမကိုကြိုတင်မပြောခဲ့ပေမယ့် ကျမ အမနဲ့ကျမ ကြုံခဲ့ရတဲ့ ဟိုတယ်ခန်းကတိုက်ဆိုင်မှူကိုတော့ နောက်ပို့စ်လေးမှာထပ်ရေးပါမယ် ။ ......ဆက်ရန်

8 comments:

  1. I reached there as last time in 2009. Wanna go there again.
    I can feel you were very happy, Sis :P

    ReplyDelete
  2. အမက ၂၀၀၅ခုနှစ် နယူးရီးယားတုန်းက သူငယ်ချင်းတွေနဲ့တစ်ကြိမ်ရောက်ဖူးခဲ့တယ် ...
    ဒီတခါကတော့ ဒုတိယအကြိမ်ပေါ့ ပျော်စရာကောင်းပါတယ် မိုးတွေရွာနေတာကလွဲလို့ပေါ့ :)

    ReplyDelete
  3. မြန်မြန်ရေးပါ သူရဲခြောက်တာ ဖတ်ချင်တယ်။

    ReplyDelete
    Replies
    1. ဟဟ ဖြစ်ရမယ်... သရဲခြောက်တာလို့ ဘယ်သူပြောလဲ အဟိ

      Delete
  4. သများတို့ က ၂၀၁၁ က ရောက်ထားတာ။

    ReplyDelete
    Replies
    1. ဟုတ်လား ခြောက်သွေ့တဲ့ရာသီဥတုဆို ပိုပြီးသွားရတာကောင်းမယ်

      Delete
  5. မွှေးနေချင်လို့ ရေတွေ ထချိုးတာများ မသိဘူး မှတ်သလား.... ဟင်းဟင်းးးးးးး
    ဒီမယ်..ဒီတစ်ပုးထဲမယ်.. အေးချမ်းစွာ စားသောက် ၄ ကြိမ်ထက်မနည်း ပါတယ်နော်.. အဟင်းဟင်း

    ReplyDelete
    Replies
    1. စားတာတွေက အစုံပဲ... မကုန်တာတခုပဲ (စားတာများမှာပေါ့ စင်္ကာပူမှာကတည်းက သူစားသမျှတွေကို စားချင်တယ် စားချင်တယ်နဲ့ ပူဆာထားတာတွေ အကုန်လိုက်ကျွေးတာ အဟိ)

      Delete