Tuesday, August 31, 2010

ပျက်ကွက်မိတဲ့ကိုယ်

သစ်မနေ့က သင်တန်းကပြန်ရောက်တော့ အင်တာနက်ဖွင့်ပြီး မေးလ်စစ်ဖြစ်ပါတယ် ။ အဲ့အချိန်မှာ သစ်သူငယ်ချင်းက ရန်ကုန်ကနေ ဆရာ့ဆီဖုန်းဆက်လိုက်ဦး နင်တို့ကိုသတိရနေတယ်လို့ ပြောတော့ သစ်ဆရာ့ဆီဖုန်းဆက်ဖြစ်ခဲ့တယ် ။ အလုပ်တွေနဲ့ မေ့လျော့ပြီးဆရာ့ဆီ ဖုန်းမဆက်ဖြစ်ခဲ့တာ ခုဆို ၁လကျော်တောင်ရှိနေပါပေါ့လားဆိုပြီး ကိုယ့်ဘာသာလဲအပြစ်တင်မိတယ် ။

ဆရာကဖုန်းကိုင်တာနဲ့ကို နေကောင်းလားလို့သူက စမေးခဲ့ပါတယ် ။ နောက်ဖုန်းမဆက်ကြလို့ စိတ်ပူနေကြောင်း ၇န်ကုန်ကသစ်တို့မိဘတွေဆီကိုတောင် ဒီလကုန်ဆိုဆက်သွယ်မေးမြန်းမလို့ စဉ်းစားထားကြောင်း ဆက်တိုက်ဆိုသလို ပြောတော့တာပဲလေ ။ သစ်လည်းဆရာ့ကိုတောင်းပန်ရင်း ဆရာ့မေမေ ကြီးကြီးနေမကောင်းတာ သိခဲ့၇တယ် ။ အရင်ကဆို ဆေးခန်းလိုက်ပို့ ဆေးသောက်တာကအစ သတိတွေပေးပြီး သစ်တို့ဆွေမျိုးအရင်းတွေလို နေခဲ့တာကို ဆရာလည်းသတိရသလို သစ်ကိုယ်တိုင်လည်း ပြန်လည်သတိရမိပါတယ် ။

သစ်တို့ဆရာက စိတ်ထားသိပ်ကိုကောင်းပါတယ် ။ သူ့ကိုဒေါသကြီးမယ်ထင်ထားခဲ့တာ သူ့စိတ်ရင်းမှန်ကိုသိသွားရင် တော်တော်လေး လေးစားမိပါတယ် ။ ဆရာကသူများကိုတိုက်ခိုက်တယ်မရှိပဲ သူများတွေကသာ ဆရာ့ကိုတိုက်ခိုက်တိုင်း ရေငုံနှုတ်ပိတ်နေခဲ့တဲ့ဆရာလေ ။ ဆရာကသစ်တို့ဖုန်းလာရင် သူရင်ဖွင့်စရာရှိတာတွေ ဆက်တိုက်ပြောတော့တာပဲ ။ အထပ်မြင့်ပရောဂျက်တွေများလို့ ခုတလောသူတော်တော်လေးပင်ပန်းကြောင်း ဒါ့အပြင် ဆရာခန့်ထားတဲ့သူတွေကလည်း စင်္ကာပူကိုအလုပ်သွားလုပ်ဖို့ ကြိုးစားနေကြကြောင်း သစ်တို့၎ယောက်ထွက်သွားပြီးကတည်းက ခုထိမတည်ငြိမ်သေးကြောင်း ပြောတော့သစ်တော်တော်လေး စိတ်မကောင်းဖြစ်ရပါတယ် ။ ဒါပေမယ့်ကိုယ်တိုင်ကလည်း ဒီဖော်မြူလာအတိုင်း ထွက်လာခဲ့တဲ့သူဆိုတော့ ဆရာ့ကိုနှစ်သိမ့်စရာ စကားလုံးရုတ်တရက်ရှာဖွေမတွေ့ခဲ့ပါဘူး ။

သစ်တို့ထွက်တော့ ဆရာပြောတဲ့စကားလေးတစ်ခွန်း သစ်အမြဲအမှတ်ရပါတယ် ။ ဒီ၎ယောက်ထွက်သွားတာ ကျွန်တော့လက်တွေပြုတ်သွားသလိုပါပဲဗျာ ဆိုတာပေါ့ ။ ခုတော့တယောက်တည်း ဘာမဆိုဝင်လုပ်နေရတော့ ဆရာလည်းပိုပင်ပန်းတာပေါ့လေ ။ ဆရာ့အီးမေးလ်ကို ဟိုစစ်ဒီစစ်လုပ်တော့ မေးသမျှကို ဆရာကဖြေရှာပါတယ် အမြဲရိုးရှင်းတဲ့ ဆရာ့စတိုင်ပဲလေ သစ်တို့စစ်ပြီမေးပြီဆို သေချာဖြေတယ် နောက်မှသစ်တို့ကနောက်တာဆို ရီနေတတ်တယ်လေ ။ သစ်တို့ပြန်လာပြီဆို ဘယ်သွားမလဲ ဘာလုပ်ချင်လည်း ဘာစားချင်လဲဆိုပြီး ကားတစ်စီးနဲ့လိုက်နေတတ်တဲ့ဆရာလေ ။ သူ့စိတ်ထဲရှိတာတွေ ပြောဆိုတတ်တဲ့သူပေါ့ ။ သစ်တို့ပြန်လာရင် သူဘယ်လိုတွေလုပ်မယ်ဆိုတဲ့ပလန်တွေ အားတက်သရောပြောပြနေရင် သစ်တို့ကဘယ်ချိန်ပြန်လာမယ်ဆိုတာ တိကျစွာမပြောနိုင်တော့ ဆရာ့ကိုယ်တောင်ပြန်ပြီး အားနာရပါသေးတယ် ။ဘာပဲဖြစ်ဖြစ် သစ်ဖုန်းဆက်ချိန်ခဏလေးမှာ ဆရာတဒင်္ဂပျော်ရွှင်သွားတယ်ဆိုရင် သစ်ကျေနပ်ပါတယ် ။ ဒါတောင် မိနစ်၂၀လောက်ပဲပြောရသေးတယ် ဖုန်းဖိုးတွေဈေးကြီးတယ် နေကောင်းအသံကြားရင်ကျေနပ်ပြီ သူ့ကိုအဆက်အသွယ်မဖြတ်ပါနဲ့ ၅မိနစ်လောက်ပြောရရင်ကို ကျေနပ်ပါပြီတဲ့လေ ။ ဆရာပြောတဲ့စကားတွေကို စိတ်မကောင်းဖြစ်ရသလို ပျက်ကွက်မိတဲ့ကိုယ့်ကိုယ်ကိုလည်း........ ။

11 comments:

  1. အင်း ဆရာရေ... သစ်ရဲ့ စိတ်အာရုံက တစ်စုံတစ်ယောက်ဆီကိုရောက်နေတယ်လေ...
    အင်မတန့် ကိုအာရုံစူးစိုက်နေလို့ ပါ။
    ဆရာ့ကိုမေ့သွားတာ ခွင့်လွှတ်ပါဆရာရယ်။
    ၅၂၈ ဆိုမှတော့လည်း ၁၅၀၀ ထက်လျှော့တာပေါ့နော် .. ဟိဟိ။
    အော် ။။ ဒါနဲ့  ဆရာပိုက်တွေစုထားနော် .. သစ်က ....တော့မှာ .သိလား ..အဲကျရင် ဆရာလက်ဖွဲ့ ရအုံးမှာ။ ခွိ။

    ReplyDelete
  2. ဆရာက ၄ယောက်ထဲက ဘယ်သူယူယူ မင်္ဂလာလက်စွပ်လက်ဖွဲ့မယ် ကြော်ငြာလို့တစ်ယောက်တောင် ရသွားဘီ ဟိဟိ

    ReplyDelete
  3. ဒီလိုပဲပြောရမှာပေါ့ သူ့ တပည့်မတွေ ထိန်းမရတာသိလို့ ခွိ

    ReplyDelete
  4. မနာလိုမရှိပါနဲ့လေ ဟိ

    ReplyDelete
  5. လက်စွပ်မရတော့မှာသိလို့ ဆရာ့ ကိုဆက်သွယ်ဖြတ်တာထင်တယ် .. ဟိ

    ReplyDelete
  6. လက်စွပ်ရဖို့ ဘယ်လောက်ကြိုးစားထားရတာ ဆရာမှမသိတာ ငှဲ ငှဲ

    ReplyDelete
  7. ပွဲစည်နေတယ်
    အားငယ်ထှာနော်
    သများဒွေလက်စွပ်တဲ့ chitt

    ReplyDelete
  8. အားမငယ်နဲ့မေလေး ....
    မေလေးက မင်္ဂလာဝတ်စုံလက်ဖွဲ့လေ...ဟိ

    ReplyDelete
  9. လက်စွပ်အရေးတော်ပုံကို လာဖတ်သွားပါတယ် အဲလေ
    (ဗျစ်ပြောတာ ဒီခေါင်းစဉ်က)

    နာတို့ကတော့ ဘာကျွေးမှာလဲပဲ စိတ်ဝင်စားတယ် ညှင်း ညှင်း

    ReplyDelete
  10. cmouse
    နာ့တောင်အိမ်ကြွေးဘိုဆပ်ရပါ့လို့ တွေးနေရတဲ့ဘွပါ cry2

    ReplyDelete
  11. အော်အော်
    လက်စွပ်ရတော့မှာမို့မှိုရတဲ့မျက်နှာ ဖြစ်နေတယ်ဆိုပါတော့
    ခွိခွိ .. အားကျလိုက်တာနော်...
    ဒီမှာတော့ ဆင်မြီးလက်စွပ်တောင် ပေးမဲ့သူမရှိလို့ အားငယ်ရလွန်းပါဘိ။း)

    ReplyDelete