Monday, August 2, 2010

လူဖြစ်ရတဲ့ဒုက္ခ

ဒီအပတ်စာမရေးတာ နည်းနည်းကြာသွားတယ် ။ နောက်ဒီအပတ်မှာ နေမကောင်းတော်တော်ဖြစ်တယ် ။ ခေါင်းတွေအမြဲလိုလိုမူးနေတယ် ရိပ်တိတ်တိတ်နဲ့ နီးလာပြီထင်ပါတယ်လေ ။ စာရေးဖို့မဆိုထားနဲ့ ဘလော့တောင်မဖွင့်ဖြစ်တဲ့ရက်တွေ ရှိလာပြီ ။ ပျက်ကွက်တာတွေများလာပြီ ဆိုပါတော့လေ ။ ဇူလိုင်လတစ်လလုံးခြုံပြီးသုံးသပ်ရရင် တော်တော်လေးကံကောင်းတယ် ပြောရမယ် ။ အလုပ်အကိုင် ၊ စီးပွားရေး၊ လူမှုရေး အကုန်ပါပဲံလေ မကောင်းတာကျန်းမာရေးတစ်ခုပဲ အဲမှာတခုသိသွားခဲ့တယ် လူတစ်ယောက်ဟာဘယ်လောက်ပဲ အောင်မြင်နေပါစေ ကျန်းမာရေးမကောင်းရင် ဘာမှလိုချင်စိတ်မရှိတော့ပါဘူး ။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတာ သွေးထွက်အောင်မှန်တာ ကိုယ်တွေ့သိလိုက်ပြန်ပြီလေ ။

အစဉ်အမြဲမူးဝေနေတဲ့ ဒီခေါင်းကိုတူနဲ့တောင် ရိုက်ခွဲချင်တဲ့စိတ် ဖြစ်မိတယ် ။ မိုးလင်းလို့ကုတင်ပေါ်ကဆင်းလိုက်တာနဲ့ မိုက်ခနဲဖြစ်သွားတာ စိတ်ကစပြီးမကြည့်တော့ဘူးလေ ။ အလုပ်သွားလမ်းတလျှောက် မြင်နေတာတွေ တကယ့်ကိုမှုံဝါးဝါးပဲ စက်လှေခါးစီးရင်တောင် မူးလာတာ သစ်တစ်ခါမှဒီလိုမဖြစ်ဘူးတော့ စိတ်ထဲကလဲလန့်နေမိတယ် ။ ဘယ်နေရာမှာများ လဲကျနေမလဲပေါ့ဆိုပြီး စိုးရိမ်မိတယ် ။ အလုပ်မသွားပဲ တစ်ရက်နားကြည့်တယ် အဆင်မပြေဘူး နောက်နေ့ဆေးခန်းသွားတယ် သောက်ဆေး၁၀ရက်စာသောက်ခိုင်းထားတယ် သောက်လိုက်ရင်ကောင်းတယ် နောက်ပြန်မူးတာပဲ မအိုကေပြန်ဘူး ။ ခုဆိုနားထဲကတောင်လေထွက်ပြီး အိပ်လို့မရလို့ဒီပို့စ်ကိုထရေးနေတယ် မူးနောက်နောက်နဲ့ရေးနေတော့ စာတွေကလည်းပေတိပေကြောင်ပေါ့ ။

လူကနေမကောင်းတော့ စိတ်ကတောင်ရောက်မြောက်ရောက်လေ လုပ်ဖို့မဖြစ်သေးတာတွေ လုပ်နေဆဲအလုပ်တွေ လုပ်ပေးစရာလေးတွေ မလုပ်ပေးလိုက်ရမှာ သိပ်စိတ်ပူမိတယ် ။ ငါ ဒီအချိန်မှာတခုခုဖြစ်သွားရင်ဆိုတဲ့ အတွေးဆိုးမျိုးတွေရော ဂယောင်ခြောက်ခြားတွေးနေမိတယ် ။ ငါတာဝန်ကျေရဲ့လားဆိုပြီး အထပ်ထပ်စဉ်းစားနေမိတယ် ။ မျက်စိကိုအတင်းဇွတ်မှိတ်အိပ်လည်း အဆင်မပြေ ဘုရားရှိခိုး ပုတီးလေးစိတ်တော့လည်း မတည်ငြိမ် အော် ...လူဖြစ်ရတဲ့ဒုက္ခ ကြီးလေစွပါတကား.......။

6 comments:

  1. စိတ်မညစ်ပါနဲ့ အခိုက်အတန့်ပေါ့ လူဖြစ်ရတာ ကံကောင်းပါတယ်။ ဂျီတော့ရအောင်လေ။

    ReplyDelete
  2. i wish u have a good health,,,,god bless u

    ReplyDelete
  3. သစ် မြန်မြန်နေကောင်းပါစေ။

    ReplyDelete
  4. မကောင်းသေးဘူးလား မူးတာ
    နာလည်းအလုပ်တွေများနေတာနဲ့ သေချာကိုမမေးမိဘူး
    ပစ်ထားသလိုဖြစ်သွားဘီ

    ReplyDelete
  5. နေကောင်းပါစေသစ် .. မွမွ

    ReplyDelete
  6.ွှTake care!!!
    green fingers

    ReplyDelete