Thursday, November 5, 2009

ဖြိုသလစ်

သစ်သစ်တစ်ယောက် စလုံးကိုရောက်ကတည်းက ဖြစ်သလိုစားလာခဲ့တာ ကြာပါပြီ ။ ရုံးဖွင့်ရက်တွေမှာဆိုလည်း အနီးအနားက စားသောက်ဆိုင်တွေမှာ တရုတ်လိုလို ကုလားလိုလို ဂျပန်လိုလို နဲ့ ဟိုလိုလို ဒီလိုလိုဖြစ်ခဲ့တာလဲ ကြာပြီလေ..။ ကိုယ့်ကိုယ်ကိုယ် သနားလွန်းလို့ ပိတ်ရက်တွေဆိုလည်း စိတ်ကိုအလိုလိုက်ရတာလည်း ၂နှစ်ကျော်ပါပြီ...ဟိ ။ ခုအစားအသောက်လေးတွေ ဘယ်လိုဖြစ်သလိုစားရတယ် ဆိုတာကို ချစ်သူငယ်ချင်းများ ဖြစ်ကြတဲ့ ဗစ် ၊ ထော ၊ မျိုး ၊ ဂျင်ဆမ်းပိုး ၊ ညည လေးတို့အတွက် စုတ်ချာလှသော ကင်မလာလေးနဲ့ လက်တည့်စမ်းလာတဲ့ ဓါတ်ပုံအစုတ်လေးများသုံးပြီး ပို့စ်တစ်ပုဒ်ထပ်မံတင်ဆက်လိုက်ပါတယ် ။ သူငယ်ချင်းများက ကွန်မန့်များကို ပစ်ပစ်နှစ်နှစ်ရေးချင်လို့ အတင်းပူဆာသဖြင့် အရူးများစိတ်ချမ်းသာအောင် ရေးလိုက်ခြင်းဖြစ်ပါတယ် ။




တနင်္လာနေ့တိုင်းမိတ်ဆက်နေကျ ယောင်တို့ဖူးပါ


ကုလားစာလေးကလည်း တစ်ပတ်၂ခေါက်လောက်စားဖြစ်တယ် သောကြာဆို အသီးတစ်မျိုးအလကားရလို့ မမေးနဲ့ကုလားစာပဲ


ဂျပန်စာလေးကတော့ ဈေးကြီးလို့တစ်ပတ်တစ်ခါ အနိုင်နိုင်ပါလေ


ဘယ်သူပြောလဲ သစ်သစ်ထမင်းစားတာများတယ်လို့..ဟွန့်


ဟိုတစ်ပတ်က ထမင်းစားပျက်လို့ သွားစားတဲ့ ကြက်သားကုန်းဘောင်ကြီးကြော်


ဝက်ခေါင်းသုတ်ဆိုတော့လည်း မငြင်းဖြစ်ပါဘူး


ဒါက၀က်သားနဲ့ ပဲငပိဆိုပဲ သူလည်းမဆိုးဘူး


ဒါကတော့ စိတ်ပါရင်ပိတ်ရက်ဆိုစားဖြစ်တဲ့ ပေကြောင်ကြောင်လက်သုတ်စုံလေး


၁လ တစ်ခါလောက်တော့ အတတ်နိုင်ဆုံးသွားဖြစ်အောင်ကြိုးစားတယ်

(အနေအစားဆင်းရဲတဲ့ကိုယ့်ကိုယ်ကို သနားလို့ဘာာာ)


သူငယ်ချင်းတွေပြောလွန်းလို့ ဒီမနက်သုတ်စားတဲ့ မြန်မာလက်ဖက်လေး

သစ်သစ်ဘလော့မှာ သူငယ်ချင်းများနဲ့ပျော်ရွှင်စွာ စကြနောက်ကြစေရန် ပို့စ်လေးများဖန်တီးထားခြင်းဖြစ်သဖြင့် စာဖတ်သူတို့အတွက် တစ်စုံတစ်ရာအကျိုးဖြစ်ထွန်းခြင်းမရှိပဲ အချိန်တစ်ခုပေးပြီး လာရောက်ကြတဲ့အတွက် ကျေးဇူးအထူးပင်တင်ရှိပါတယ် ။ ပို့စ်တိုင်းသည် သစ်သစ်စိတ်ခံစားမှုတစ်ခုတည်းဖြင့် ပုံဖော်ထားခြင်းဖြစ်ပါသည် ။ အားလုံးကိုကျေးဇူးတင်ပါသည် ။

17 comments:

  1. ဘာာာာာာာ ဖြစ်သလို ......????!!!!@@###@%%#^^$$## !!!
    အာခိမိဒိဘာလို့ ဖြစ်ရတာလဲဆိုတာနာသိပီ
    အရူးမ သစ်စုတ်သစ်နာ ..ငါထမင်းမစားရသေးဘူး !!!
    အချိန်ကိုက်လာပြတယ် ဟုတ်လား သေရအောင်ပြင်ပေတော့ !!!

    ReplyDelete
  2. အို တို့ကဒါမျိုးတွေကို မလွမ်းပါဘူးကွယ်... အချိန်မရွေး ဖုကော့်ဒ်ရှိရင် ဝယ်စားလို့ရနေတဲ့ဟာတွေ.. ဟွင်း ဟွင်း ဟွင်း

    (အောက်က လက်ဖက်နဲ့ အသုပ်နဲ့မပါ)

    ReplyDelete
  3. တစ်တစ် နာ့တသင်းကြားဒယ်နော်
    မွေးနေ့တုန်းက နီကိုမထော်လို့ ဒေါပွနေဒယ်ဆို
း))))))))

    ReplyDelete
  4. တော်ပီ.
    ခေါ်တော့ဘူးးး
    အကုန်ချက်ကျွေးရင်ကျွေး
    မကျွေးရင် ကလိထိုးပီး
    နှိပ်စက်မယ်။
    ဒါပဲ..

    ReplyDelete
  5. နည်းနည်းစားလဲအစာ၊များများစားလဲအစာဘဲ။ ရှော့စားမှ ခဏနေဝနေမှာစိုးလို့။ ရှော့စားသွားတယ်ဗျို့။

    ReplyDelete
  6. နံပါတ် ၁ ယောင်တို့ ဖူး စားဖူးတယ် စားဖူးတယ် ခဏခဏစားဖူးတယ်
    နံပါတ် ၂ ကုလားစာ စားဖူးတယ် စားဖူးတယ် မူးတူးဆာမိဆိုင်ကိုပါ သွားစားတာ
    နံပါတ် ၃ ဂျပန်စာ စားဖူးတယ် စားဖူးတယ် မကြာခဏစားဖြစ်တယ်
    နံပါတ် ၄ ကြက်သားကုန်းဘောင်ကြီးကြော် ၀က်ခေါင်းသုတ် ၀က်သားနဲ့ ပဲငပိ
    လက်သုတ်စုံလေး အားလုံးကို စားဖူးတယ် စားဖူးတယ်
    ဘူဖေးနဲ့  စတင်ဘုတ် ၁ လထဲနဲ့  ၃ကြိမ် ဖြစ်သွားတယ် စားဖူးတယ် စားဖူးတယ်
    လက်ဖက်သုတ်တင်မကဘူး ဂျင်းသုတ်ပါ စားဖူးတယ် စားဖူးတယ်

    အားလုံးကို စားဖူးတယ် ယုံတယ်မလား
    မယုံရင် အားလုံးကို ၀ယ်ကျွေးရမယ်

    သစ်သစ်ကတော့ လျှော့စားပါတယ် (လုံချည် စကဒ်)

    ReplyDelete
  7. တို့ က အရူးမဟုတ်ဘူး ဒါ့ကြောင့် ဒါ့ကြောင့်

    http://chenaddy.blogspot.com/2009/11/blog-post_06.html?showComment=1257475186649#c8916439871196226550

    အဲ့မှာ ချက်နည်းသွားကြည့်ထား
    ဖုကော့ဒ် ရုပ် ပေါက်သွားမစိုးလို့ ရယ် မိန်းမပီသအောင်ရယ် ငှဲငှဲငှဲ

    ReplyDelete
  8. တီချမ်းဆီကိုရောက်တာပေါ့....သီးစုံဟင်းတောင် အပေါ့အငံမြည်းပေးခဲ့သေးတယ် ဟွန်....
    ကိုနယူးယောက်က သစ်သစ်ကိုမသိတာသေချာတယ် ၀မှာစိုးလို့တဲ့
    ဗစ်ပို့သတဲ့မေတ္တာကြောင့် ကျန်းမာလျက်ပါ
    ချစ်သမီးက ကလိထိုးမယ်တဲ့ အရိုးညှပ်မယ်နော်...ဟိ
    မမခင်ဦးမေ လာလေအတူသွားစားကြမယ်
    မျိုးရယ် မင်းဘယ်သူ့ကိုလွမ်းတာလဲကွယ်..အဲငှယ်
    ထင်းထင်းရယ် စိတ်မဆိုးရက်ပါဘူး မုန့်ဟင်းခါးမျက်နှာကရှိသေးတယ်လေ.

    ReplyDelete
  9. 6 Nov 09, 10:36 AM
    myo: သူကအဆဲခံချင်လို့ရေးပါတယ်ဆို ဗျစ်ကလွဲပြီး ဘယ်သူမှလဲ မဆဲကြဘူးးးးးးးးးးးးး သနားလိုက်ထှာ

    6 Nov 09, 10:37 AM
    သစ်သစ်: ဒါကစာရေးသူရဲ့လှည့်ကွက်လေ မျိုးရယ် လူဆိုတာကဆဲဆိုရင် မဆဲဘူး မဆဲပါနဲ့ဆိုမှ ဆဲချင်ကြတာလေ..ဟိ

    myo: အော် ဒီလိုလား လာထပ်ပြီးသွားဆဲကြစိုးးးးးးးးးးးးးးးးးးးးး

    Cherry: ငှင်းငှင်းငှင်း သစ်သစ် မှာ ပေါက်တာ
    Cherry: ဆဲဖို့ အားယူနေတာ အားယူနေတာ ဟင်းဟင်း

    သစ်သစ်: အားယူရင်းအားပြတ်သွားရင်ရော ဟူးးးးးးးး စိုးရိမ်တယ် ညီမလေးရယ် စိုးရိမ်တယ်

    Vista: ဆဲစေခြင်နေတာ ဆဲတယ်လေ ဟိဟိ

    Cherry: အားပေးတယ် ဗစ် ဟေး ရွှီးဖြောင်းဖြောင်း

    သစ်သစ်: အားလုံးကို ယဉ်ယဉ်ကျေးကျေးပဲပြန်ဖြေလိုက်ပါတယ် ကိုယ်ကယဉ်ကျေးသူကိုးးးးးးးး ဟိ

    Cherry: အေးဘာာာာာာာ တွေ့ မယ် ပန်းစကား
    Cherry: မြည်းပဲမြည်းခဲ့တာ နည်းမမှတ်ဘူးမလား ပန်းစကား ဟင်
    Vista: အေးလေ အသင့်မြည်း

    ReplyDelete
  10. လက်ဖက်သုတ်ပဲစားချင်တယ်။။
    တကယ်စားချင်စရာ။။

    ReplyDelete
  11. ၁) သူငယ်ချင်းတွေ က ချစ်စရာ
    ၂) တီ့ဆီကိုလဲ အုပ်လိုက်လာကြတဲ့ အတွက် မေတို့ ဗစ်စတာ တို့ သစ် တို့ ကိုကျေးဇူးတင်ပါတယ်အေ
    ၃)
    ဟားဟား.....ဟားဟား(ဗိုလ်အောင်ဒင်အသံဖြင့်ရယ်ပါ)
    ဒီမှာ ဒေါ်ဒေါ်သစ်
    ခင်ဗျားက ဖြစ်သလို ဆိုတာ ဒီလိုလား
    ပြန်လာခဲ့ပါ ပြန်လာခဲ့ပါ ကျုပ်ဘလောခ် ကို
    ကျုပ်ကလဲ ပြန်တင်ရသေးတာပေါ့ ဖြစ်သလိုဆိုတာ ကို
    ငှင်းငှင်းငှင်းငှင်း
    ကမ်းမွန်
    ချဲလင်း

    ReplyDelete
  12. မမသစ်ကိုအားကျလို့ ဖြိုးသလစ်တင်ထားဒယ်
    ဟိဟိ
    ဘူမှမတိုင်ခင် ကိုယ်သာကိုယ်လာပေါပါဒယ်။
    ခွေးလွှတ်နော် အဲလေ ခွင့်လွှတ်နော်း))

    ReplyDelete
  13. လက်သုတ်စုံလုပ်ကျွေးပါ

    ReplyDelete
  14. အားလုံးစားတယ်

    ReplyDelete
  15. ဒေါ်ဒေါ်သစ်ရေ
    လာစားလို့ရပါပြီ
    စီပုံးလဲမတွေ့ပါလား
    ဘယ်ပျောက်သွားတာလဲ
    အဲ့တာကြောင့်ဒီမှာပဲရေးခဲ့လိုက်တော့တယ်
    လာစားတော့နော်
    ရှယ်ချက်ထားပေးတယ်

    ReplyDelete
  16. လိုက်သာလာ ရွာမတွေ့

    ReplyDelete