Thursday, September 17, 2009

ချီတက်နေသည်


မိုးလင်းတာနဲ့
ရထားစီးလို့
ဒီနေရာကို
ငါရောက်ခဲ့တယ်

ရောက်တာနဲ့ပဲ
ပြေးကာလွှားလို့
လက်ချောင်းလေးများ
ခုန်ပေါက်ခဲ့တယ်

သံစဉ်တစ်ချို့
အဖော်ပြုလို့
ပုံပေါင်းများစွာ
ဖန်တီးခဲ့တယ်

ပြန်ချိန်တန်လို့
အပြင်ရောက်သော်
ဆီးကြိုနေတာ
မီးရောင်စုံပါ

နေ့ချိန်တွေကို
ငါစတေးလို့
အသက်ဆက်ဖို့
ရပ်တည်ခဲ့တာ

ဒီလိုနဲ့ပဲ
ခရီးဆက်
ငါ့အသက်တောင်
ကြီးပါပေါ့လား

မပြည့်သေးတဲ့
ရည်မှန်းချက်
အားတင်းကာပင်
ဆက် ချီတက်....


5 comments:

  1. ဇွဲမလျော့နဲ့ ...

    ReplyDelete
  2. အားမလျော့နဲ့ ရောက်လုပြီ ကြိုးစားတက်ပါမည်
    :)

    ReplyDelete
  3. ချီတက် မမ အားမလျှော့နဲ့ တစ်နေ့ရည်မှန်းချက်တွေပြည့်လာမှာပါ

    ထောထော

    ReplyDelete
  4. ဘယ် ညာ
    ဘယ် ညာ
    left right
    left right

    ဟယ် ငါ့အသက်က ၂၂ မှာ ရပ်တန့် နေပါလား (ထူးဆန်းထှာ)

    ReplyDelete