ပြီးခဲ့တဲ့ အပတ်က အိမ်ကအစ်မတစ်ယောက် မြန်မာပြည်ပြန်ပြီး အင်ဂျင်နီယာစာတမ်းဖတ်ပွဲမှာ သွားတက်ပြီး ပြန်လာတော့ အဲဒါတွေပါလာတယ်လေ ။ ၀မ်းသာလိုက်တာများ မပြောပါနဲ့တော့ ကိုယ်ကလည်းစာအုပ်သရဲဆိုတော့ အစ်မကလည်း စာဖတ်တာဝါသနာအရမ်းကြီးတယ်လေ အကြိုက်ချင်းတူပြီး ဆက်တိုက်ဖတ်နေတာ ၂အုပ်ပြီးသွားပြီ ။
ခုတော့လက်ကမချတမ်း ဖတ်နေတာက ဒီစာအုပ်
ဖတ်ဖို့တန်းစီနေတာက အများကြီးပဲ ပိတ်ရက်မှာဇိမ်ပဲ
