Monday, September 19, 2011

အေးချမ်းတဲ့ခရီး

ပြီးခဲ့တဲ့ ရုံးပိတ်ရက်မှာ ၁၀နာရီကျော်ကြာကားစီးရတဲ့ မလေးရှားကအေးမြတဲ့တောင်ပေါ်မြို့ကလေးကို အလည်တစ်ခေါက်ရောက်ခဲ့ပါတယ် ။ သြဂုတ်လမြန်မာပြည်က ပြန်လာပြီးကတည်းက လူကဟိုသွားချင်ဒီသွားချင်နဲ့ ဘဏ်ကတ်ကိုခမ်းအောင်လုပ်ချင်နေတဲ့ရောဂါဝင်နေပါတယ် ။ ဒါကြောင့်လည်း ဗီဇာကျန်သေးတဲ့ မလေးရှားဆီကိုပဲ မျက်စပစ်နေခဲ့တာပေါ့ ။ စိတ်အေးချမ်းစေတဲ့ ရည်ရွယ်ချက်နဲ့ အေးမြတဲ့အရပ်ဒေသလေးကို ရွေးချယ်ဖြစ်ခဲ့ပါတယ် ။ သူငယ်ချင်း၂ယောက်ကလည်း အဲ့အရပ်ကိုသွားချင်တဲ့စိတ်ကူးချင်းတူပြီး ရုတ်တရက်ပလန်မရှိတဲ့ခရီးလို့လည်း ပြောလို့ရပါတယ် ။

သောကြာညတစ်ညလုံးချမ်းအေးစွာကားစီးပြီး သကာလမှာ တောင်ပေါ်မြို့လေးတစ်ခုကို ရောက်ခဲ့တယ်ဆိုပါတော့ ။ ဟိုတယ်ကိုရောက်တော့ မနက်၉နာရီရှိနေပါပြီ ။ တနေကုန်တနေခမ်း တိုးပက်ကေ့ခ်ျနဲ့မနားတမ်းလည်ပတ်လိုက်တာများ ညနေစတင်းဘုတ်စားပြီး ဟိုတယ်ပြန်ပို့မှပဲ ခြေကုန်လက်ပန်းကျသွားပါတော့တယ် ။ လူတိုင်းလိုလို ရောက်ဖူးတဲ့ဒေသဖြစ်နေလို့ အသေးစိတ်မရေးတော့ပဲ သစ်မြင်တဲ့အမြင်လေးတချို့ကို ရေးပြချင်ပါတယ် ။

တကယ်တော့ ကင်မရွန်ဟိုင်းလန်းဆိုတဲ့မြို့လေးက သစ်သစ်တို့နိုင်ငံက ပြင်ဦးလွင်လိုတောင် လှပဆွဲဆောင်မှူမရှိပါဘူး ။ ဒါပေမယ့် တောင်စောင်းတွေပေါ်မှာစိုက်ထားတဲ့ လက်ဖက်ခင်းလေးတွေနားမှာ စက်ရုံတွေ ဒီဇိုင်းဆန်းတဲ့ဆိုင်လေးတွေရယ်နဲ့ တိုးရစ်တွေကိုမြှူဆွယ်ထားခဲ့ပါတယ် ။ ကား၂စီးရှောင်ရုံလောက်လွတ်တဲ့ လမ်းလေးတွေနဲ့ ပင်လယ်ရေမျက်နှာပြင်အထက် ၆၆၆၆ပေမြင့်တဲ့ တောင်ထိပ်က၃ထပ်မြင့်တဲ့ တာဝါလေးနဲ့ စိတ်ဝင်စားအောင်နောက်တချက် ဆွဲဆောင်ထားပြန်ရော ။ အမျိုးသားကန်တော်ကြီးထဲက တံတားလောက်တောင်လှပမှူမရှိတဲ့ တံတားတခုကိုလဲ တက်ပြီးချွေးထုတ်ရပါသေးတယ် ။

နေ့လည်စာစားပြီး ညနေပိုင်းပို့တဲ့နေရာတွေကတော့ သစ်သစ်ကိုလုံးဝမဆွဲဆောင်နိုင်ခဲ့ပါဘူး ။ စိုက်ခင်းလေးတွေလိုက်ပြပေးပါတယ် တကယ့်ကိုသေးသေးလေးတွေပါ သစ်သစ်တို့နိုင်ငံက စိမ်းလန်းနေတဲ့စိုက်ခင်းတွေနဲ့ ယှဉ်လို့တောင်ပြလိုက်ချင်ပါသေးတယ် ။ နောက်ဆုံးတော့ ဒီမြို့လေးနာမည်ကြီးရခြင်းဟာ မိုးပျံတိုက်ကြီးတွေနဲ့အဲယားကွန်းခန်းတွေမှာ လုပ်ရတဲ့ မွန်းကြပ်တဲ့စင်္ကာပူလိုမြို့နဲ့ကပ်ပြီးတည်ရှိနေတဲ့ မလေးရှားလိုနိုင်ငံမှာ ရှိနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ် ။ ရက်တိုတိုမှာ ခရီးစာရိတ်ကျဉ်းကျဉ်းနဲ့ ခဏတာအမောတွေပြေပြီး အသက်ရှူဝစေဖို့ စိတ်ပန်းဖြေနေရာတစ်ခုဆိုလဲ မမှားပါဘူး ။ ဘာပဲဖြစ်ဖြစ် ခရီးထွက်လိုက်ခြင်းအားဖြင့် စိတ်သစ်လူသစ်ကတော့ တကယ်ဖြစ်ပါတယ် ။ ကျေနပ်ခြင်းဆိုတဲ့ စိတ်ပီတိကတော့ ဘာနဲ့မှလဲလို့မရပါဘူး ။ သစ်သစ် သမီးလေးတစ်ယောက် မွေးစားခဲ့ပါတယ် ။ သမီးပုံလေးထည့်ပေးလိုက်တယ်နော် .. ဟိ ။



ချစ်သမီးငယ်လေး (၉ယောက်မြောက်ပါ)း)

9 comments:

  1. အရုပ်လေး ချစ်စရာလေး
    သွားမယ် သွားမယ်.. တို့လဲ နောက်လ သွားမယ်

    ReplyDelete
  2. ငါလည်းဝယ်ခဲ့တယ် စတော်ဘယ်ရီသီးရုပ် ခေါင်းအုံးအိပ်ဖို့

    ReplyDelete
  3. အေး ငါလည်းအရမ်းချစ်လို့ဝယ်ခဲ့တာ
    ချစ်လေး သွားတဲ့ခါဝယ်ခဲ့နော်.... Mae

    ReplyDelete
  4. ကိုယ်လည်း သားလေးတစ်ယောက်လောက် သွားဝယ်ဦးမှ

    ReplyDelete
  5. တစ်ယောက်ပဲလား ရီတာ ...ဟိ

    ReplyDelete
  6. လာလည်ရင်းနဲ့စိတ်ကူးယဉ်သွားပါတယ်
    သွားလည်ဖို့ပါး)
    အရုပ်လေးလဲသဘောကျသွားပါတယ်း)

    ReplyDelete
  7. သမီးလေးကိုချစ်တယ်ဆိုလို့ ၀မ်းသာပါတယ် ..
    လာလည်လို့ကျေးဇူးတင်ပါတယ်နော် ။

    ReplyDelete
  8. အမလေး၉ယောက်မြောက်ဆိုတော့မွေးလှချေလား...
    စတာနော်....
    အဲဒီမြို့လေးကိုဟိုအရင်နှစ်သစ်ကူးကရောက်ခဲ့ဖူးတယ်
    တောင်ကြီးကိုလွမ်းလွန်းလို့ထပ်မသွားတော့ဘူး
    သစ်သစ်ရေးတာဖတ်ပြီးအြန်သွားချင်နေပြီ။
    ခင်မင်တဲ့ jas

    ReplyDelete
  9. ဟုတ်ကဲ့ လာလည်လို့ကျေးဇူးတင်ပါတယ်
    ကလေးတွေကများလွန်းလို့ ဗုံတောင်တီးလို့ရပါတယ် ..ဟိ

    ReplyDelete