Thursday, August 4, 2011

သတိရခြင်း

ဟယ်လို ... အဲဗရီးဘော်ဒီ ....း) စာမရေးရတာ အတော်လေးကြာပါပီ ... ဒီညနေစာမေးပွဲပြီးပြီဆိုတာနဲ့ အမြဲသတိရနေတဲ့ဘလော့လေးကို အသက်သွင်းဖို့အရင်ကြိုးစားပါတယ် ။ စာမေးပွဲလည်းကောင်းမွန်စွာ ဖြေနိုင်ပါတယ် (အောင်မယ်လို့တော့ထင်ပါ၏) ဟိ... ။

ပြန်မယ် ပြန်မယ်... မေမေ့ဆီပြန်မယ် ဖေဖေ့ဆီပြန်မယ်...မာမားဆီပြန်မယ် ပါပါးဆီပြန်မယ်.... ရန်ကုန်မှာမုန်တိုင်းဝင်ဖို့ရှိလို့ မိုးဆက်တိုက်ရွာနေတယ်လို့ သိရပါတယ် ။ ငွေဈေးများလည်း အလွန်အမင်းကျဆင်းနေပါသည် ။ ခွင့်လေးပိစိညှောင့်တောက်လေးပဲ ရလို့ ခဏတာပဲပြန်ပါဦးမည် ။ မပြန်တာ ၁၈လမှာ မေမေ ဖေဖေ ဘာတွေပြောင်းလဲနေပြီလဲ သတိရမှူတွေကို ထွေးပိုက်လိုက်လို့ ပြန်လည်ကာ တွေ့ဆုံပါဦးမည် ။ ပြန်လာမှ စာတွေအများကြီးရေးမယ်နော် ... အားလုံးကို သတိရလျှက် မွမွ...း ) ။

6 comments:

  1. ချစ်သစ် ဖြေနိုင်တယ်ဆိုလို့ ဝမ်းသာပါ၏။
    မွမွ

    nm

    ReplyDelete
  2. များများစားခဲ့ ဇူဇကာ ကိုဘလိုမျိုး
    ပီး ဒါ့ပုံများများရိုက်ခဲ့ မစားရ၀ခမန်း ငမ်းရအောင်လို့ 
    လမ်းသွားရင်တော့ သတိထား မြောင်းပေါက်ထဲ မကျွံကျမိစေနဲ့ 
    ပျော်အောင်နေခဲ့
    ပုံ
    လွမ်းဖျား ဖျားနေတဲ့သူ

    ReplyDelete
  3. လွမ်းဖျားကလည်း မြန်ချက်အေ...

    ReplyDelete
  4. ချစ်သစ်
    have a nice & save trip!

    ReplyDelete
  5. အဖေက ၁ ယောက်
    အမေက ၁ ယောက်
    ပါပါးက ၁ ယောက်
    မာမားက ၁ ယောက်

    အဖေရင်း အမေရင်းအပြင် in law တွေကိုများ ပြောနေသလားပဲ။

    ဖြေထားတဲ့ စာမေးပွဲ အောင်ရင် အမြီးရှည်ပြီ။ ရာထူးတိုးမည်။ လခ ကောင်းမည်။ ကောင်းလေစွ ကောင်းလေစွ။

    ReplyDelete