ဒုတိယအရွယ် ဟုတ်တယ် ကျော်တောင်ကျော်တော့မယ်ထင်တယ် ဒီအရွယ်ကိုး) ။ ဘာတွေဖြစ်လာလဲဆိုတော့ ပိုပြီးတော့လုပ်ချင်တာတွေများလာသလို အတ္တတွေ လောဘတွေကြီးလာပါတယ် ။ သေချာတာကတော့ မလုပ်လိုက်ရမှာစိုးရိမ်နေတာလေ ။ လုပ်ချင်တာတွေက များပြီးလူကလိုက်လို့ကို အဆင်မပြေဘူး ဖြစ်နေတယ် ။ အခက်အခဲဆိုတာကတော့ နေရာတိုင်းမှာရှိပါတယ် ။ ဒါပေမယ့် ၂ယောက်ရှိနေချိန်က ရင်ဖွင့်ခံစားတိုင်ပင်နဲ့ အချိန်တွေကုန်နေပေမယ့် ခုတစ်ယောက်တည်းဆိုတဲ့အချိန်မှာကျတော့လည်း ဘာလာလာရင်ဆိုင်တတ်အောင် လေ့ကျင့်ထားရတာပေါ့နော် ။
လူရောစိတ်ရောပင်ပန်းလွန်းတဲ့ ဒီအချိန်မှာ တော်တော်လေးကို ကိုယ့်ဘာသာအဆင်ပြေအောင် လုပ်ရတယ် ။ တခါတလေ စိတ်ဓါတ်ကျပြီဆို သစ်သစ်နင်လုပ်ချင်တာအများကြီးကျန်သေးတယ် ကျရှုံးလဲပြိုနေလို့မဖြစ်ဘူးဆိုပြီး အားပြန်တင်းရတာလဲအခါခါပါ ။ ခုနောက်ပိုင်း သစ်ရေးတဲ့ပို့စ်တွေကိုကြည့်လို့ မလုပ်လိုက်ရမှာစိုးတဲ့စိတ်တွေ တအားများနေတာ သိသာပါတယ် ။ လောဘကြီးရင်မှားတတ်တယ် သစ်သိပါတယ် ဒါပေမယ့် အခွင့်အရေးရရဲ့သားနဲ့ မလုပ်လိုက်ရလေခြင်းဆိုတဲ့ နောင်တကိုအရမခံတော့ဘူးလေ ။ ခေါင်းထဲမှာလည်း ဘာပြီးရင်ဘာလုပ်မယ်ဆိုပြီး အစီအစဉ်တွေကိုချပြီး အကောင်အထည်ဖော်နေရပါတယ် ။ သူများတွေအတွက် အရေးမကြီးတဲ့အရာတွေက တခါတလေ သစ်သစ်အတွက် အတော်လေးအရေးပါနေတတ်ပါတယ် ။ အတွေးအခေါ်တွေကလည်း တဖက်စွန်းကိုရောက်တတ်ပါသေးတယ် ။
ဒီရက်ပိုင်းတွေ တွေးတောကြံစည်ဖြစ်နေတာကတော့ မြန်မာပြည်ပြန်ဖို့ကိစ္စပါပဲ ။ ကိုယ်အပြီးပြန်ပြီဆို အရင်ဆုံးဘာလုပ်မလဲ ဘယ်လိုရပ်တည်မလဲ ဘယ်လိုရင်ဆိုင်မလဲ ဘာတွေကိုရွေးချယ်ပြီး ဘ၀ကိုအသစ်ကနေပြန်စမလဲ ငါ့မှာရပ်တည်ဖို့ လုံလောက်တဲ့အရည်အချင်း ရှိနေပြီလား ။ ကိုယ့်နိုင်ငံကရော ခုဘာတွေဖြစ်နေပြီလဲ ဘယ်သူတွေက ဘယ်လိုတွေလုပ်နေသလဲ သူတို့နေရာမှာ ငါဆိုရင်ရော ဘယ်လိုတွေလုပ်ဖြစ်မလဲပေါ့ ။ ကဲ သစ်စာဖတ်သူတွေရော စိတ်ရှုတ်သွားပြီမှတ်လား ဟုတ်တယ် သစ်ကိုယ်တိုင်တောင် အတော်ကိုစိတ်ရှုပ်မိတယ် ဒါတွေကမစဉ်းစားနေလို့လဲ မဖြစ်ပါဘူး ။ အဓိက အချက်ကတော့ အသက်ကြီးနေပြီဆိုတဲ့ သစ်မိဘအနားမှာ ပြန်နေသင့်ပြီဆိုတာပါပဲ ။ ဒီအချက်ကို အလေးပေးပြီးစဉ်းစားဖြစ်ပါတယ် ။ ဒီအချိန်မှာ ဒါကိုမစဉ်းစားရင် နောင်တဆိုတာမဖြစ်ချင်ဘူးလေ။
သစ်အသိုင်းအ၀ိုင်းမှာ အမေးများတဲ့မေးခွန်းတစ်ခုရှိပါတယ် ။ နင်ကျောင်းတက်တာ ဘာလုပ်ဖို့လဲတဲ့ ဒီကျောင်းတက်တာ ဒီမှာလုပ်မှဖြစ်မယ်ဆိုတာ အတော်ကိုမှားနေတဲ့အတွေးအခေါ်ပါပဲ ။ သစ်ကတော့ လောလောဆယ်ကိုယ်ပလန်ထားတာများနေတော့ ဘာဆိုတာလက်ဆုပ်လက်ကိုင်ပြောပြနိုင်တဲ့တစ်နေ့ အဲဒီမေးခွန်းကိုပြန်ဖြေဖို့စဉ်းစားထားပါတယ် ။ စိတ်ကိုအမြဲတက်ကြွရွှင်လန်းတဲ့သူဖြစ်အောင် ဂရုတစိုက်လေးကို နေထိုင်နေရပါတယ် ။ စိတ်ကစဖြစ်ပြီဆို သစ်သစ်ကကျန်းမာရေးပါ ထိခိုက်လာတတ်တယ်လေ ။ ခုနောက်ပိုင်းတော့ လူများအတွက်ကိုမျှတစွာမစဉ်းစားပဲ ကန့်လန့်လုပ်ချင်တဲ့စိတ်တွေ သိပ်များနေလို့ အတော်လေးလျှော့ချနေရပါတယ် ။
သူငယ်ချင်းတွေကို အတတ်နိုင်ဆုံး အဆင်ပြေအောင် ဆက်ဆံပါတယ် ။ သစ်ကသူငယ်ချင်းတအားများပါတယ် ။ ကျောင်းနေဖက်တွေ ဘလော့ဂါကနေခင်တဲ့သူငယ်ချင်းတွေ ငယ်သူငယ်ချင်းရယ် အွန်လိုင်းကသူငယ်ချင်းရယ် အားလုံးကိုအချိန်မျှအောင်ပေးဖို့ ကြိုးစားနေပါတယ် ။ နင်က ငါတို့ဆီဘယ်တော့မှမလာဘူးဆိုတဲ့ သူငယ်ချင်းလေးကိုလည်း နားလည်ပေးပါ မယ်လောဘဖြစ်နေလို့ပါလို့ တောင်းပန်ထားရပါတယ် ။ သူကပြောပါတယ် နင့်ကိုကြည့်လို့ကျောင်းတက်ဖို့ စိတ်ပျက်သွားပြီဆိုပဲ ။ ဒါကလည်း သစ်ကိုယ့်ဘာသာကွန်ထရိုးလုပ်တာညံ့လို့ သူငယ်ချင်းတွေဘက်ကို ပျက်ကွက်မိတာလေးပေါ့ ။ အတတ်နိုင်ဆုံး ဒီလိုမဖြစ်အောင် ကြိုးစားနေပါတယ် ။ နောက်တော့ သစ်ငယ်စဉ်ဘ၀ကနေ အသက်၃၀ပြည့်တဲ့အထိ ဘာတွေလုပ်လို့ ဘယ်လိုဖြတ်သန်းခဲ့တယ်ဆိုတာကို ပို့စ်လေးအပိုင်းတွေခွဲပြီးရေးဖို့ စဉ်းစားနေပါတယ် ။ ရေးဖို့အချိန်ရှိတုန်း ကြိုးစားမယ်စိတ်ကူးပါ ။ နောင်ဆိုတာမသေချာဘူးလေ သေချာတာကတော့ သစ်ပစ်ထားတာကြာပြီဖြစ်တဲ့ ဘလော့လေးကို အချိန်ပေးပြီး ပြန်ရေးတော့မယ်ဆိုတာပါပဲ ။ နောက်ပိုင်းအတ္တနဲ့လောဘတွေ သမမျှတမှုမရှိတဲ့ပို့စ်တွေဖတ်ရဦးမယ်ဆိုတာပါ အသိပေးရင်း စာပြန်ရေးဖို့ အားပြန်မွေးလိုက်ပါတယ် ။ အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေနော် ... ။

မသစ် အားတင်းထား ကြိုးစားနေတဲ့သူတွေက တစ်နေ့နေ့မှာ ကြိုးစားခဲ့ခြင်းရဲ့အသီးပွင့်ကိုခံစားရမှာပါ မဖြစ်မြောက်ခဲ့ဘူး မအောင်မြင်ခဲ့ဘူးဆိုရင်တောင် ငါကြိုးစားခဲ့တယ် အချိန်ကိုအကျိုးရှိစွာ အသုံးချခဲ့လို့ စိတ်ဖြေလို့ရမှာပါ အတွေ့ကြုံလဲရမှာပါ
ReplyDeleteဘာပဲဖြစ်ဖြစ် အားတင်းထား
aja aja Fighting!!
avocado
ချစ်သစ်ကလေးး -
ReplyDeleteကျားယို အဂျာအဂျာဖိုက်တင်းး yesss
ဘိုင်းဒဝေး - ပညာလောဘရှိတာ ကောင်းတယ် ထင်တာပဲ။ လုပ်ချင်စိတ်ရှိနေတဲ့ အချိန်မှာ လုပ်ရင် အရာအရာ အောင်မြင်တယ်တဲ့။
သစ်ကလေးး ဖြစ်ချင်တဲ့ ဆန္ဒနဲ့ဘဝ တထပ်တည်း အမြန်ဆုံး ပြည့်ပါစေ။
သစ်
ReplyDeleteစလိုက်နောက်လိုက် ရိုက်လိုက်နဲ့ နေခဲ့တာ ဒီပိုစ့်လေးကို ဖတ်လိုက်တော့ ရင်ထဲမှာ တကယ်ခံစားရတယ်။
ခေါင်းစဉ်းလေးက နာတို့ကို သတိပေးလိုက်သလိုပဲဟာ..
အရမ်းလည်း ကျေးဇူးတင်တယ်...။
ချစ်တဲ့ချာချာ