၂၀၁၁ အတွက် ပထမဆုံးပို့စ်လေးကိုရေးမယ်ဆိုတော့ ရေးစရာတွေများနေပေမယ့် အကြောင်းအရာတွေက ကွဲပြားပြီးတခုနဲ့တခုလင့်ချိတ်လို့မရ ဖြစ်နေတယ်လေ ။ နှစ်သစ်ကူးချိန်မှာလည်း သစ်သစ်တစ်ယောက်မရေးဖြစ်ခဲ့ပါဘူး ။ နှစ်သစ်ကူးကိုကြိုဆိုခဲ့ပါတယ် သူငယ်ချင်းများနဲ့ စီဘောက်ကနေလေ ...။ ဒါနဲ့ဆက်စပ်ပြီးပြောချင်မိလာတာကတော့ သစ်တို့စီဘောက်ကသူငယ်ချင်းတွေအကြောင်းပါပဲ ။
သစ်တို့ http://www.vistazcbox.cbox.ws/အဲဒီစီဘောက်မှာခင်မင်လာခဲ့တာ သက်တမ်း၁နှစ်ကျော်နီးပါးဖြစ်လာခဲ့ပါပြီ ။ သစ်တို့စုစုပေါင်း ၈ယောက်တိတိရှိပါတယ် ။ စီဘောက်ပိုင်ရှင်ပိုက်ဆံမှန်မှန်သွင်းပေးနေသူကတော့ ပိုင်ရှင် ဗစ်စတာပါ ။ အရင်ဆုံးသူ့အကြောင်းအတင်းတုပ်ရမယ်ဆိုရင်တော့ သူနဲ့မတွေ့ခင်အချိန်တခုကပေါ့ သူဟာယောက်ျားလျာဖြစ်ရမယ် စကားပြောတာကလည်း ရှေ့မလွတ်နောက်မလွတ်ဂွကျကျပေါ့ မိန်းမချင်းတောင်ဖုန်းနံပတ်လေးတောင် မပေးဘူးဆိုတော့ ဒင်းသေချာတယ် ယောက်ျားကြီးပဲဖြစ်ရမယ် ။ မိန်းမဟန်ဆောင်ပြီး လာရောနေတာ ငါတို့ခပ်တန်းတန်းနေကြမယ်လို့ စီဘောက်မိတ်ဆွေ ဘွားချယ်နဲ့တိုင်ပင်ဆွေးနွေးကြပါတယ်...ဟိ ။ ပြောရင်လည်းတုတ်ထိုးအိုးပေါက် တွေ့ဖို့ချိန်းလည်းမလာ ဓါတ်ပုံရိုက်ကူးခြင်းလည်းလုံးဝလက်မခံတော့ ငါတို့ထင်တာသေချာပါတယ်လေပေါ့ .... ။
နောက်တစ်ယောက်ကတော့ ကိုဘရယ်လို့နာမည်ကြီးတဲ့ဘလော့ရဲ့ စီဘောက်မှာခင်မင်ခဲ့တဲ့ အစာအိမ်ရောဂါသည် အစပ်စားမရ အမြဲအန်လေ့ရှိ (အဲ့တုန်းကလွန်စွာသနားမိပေါ့လေ)ဘွားချယ်ပါ ။ သူ့ရဲ့ပီယ၀ါစ နှိပ်ကွပ်တဲ့စကားလုံးတွေကြား အလူးလူးအလှိမ့်လှိမ့်ပြန်တွယ်ရင်းနဲ့ အစ်မတစ်ယောက်လိုဘာမဆိုတိုင်ပင်ဖြစ်တဲ့ ဂွတီးဂွကျအပျိုကြီးအစ်မပါ ။ သူ့လောက်ကြောက်တာလည်း သူပဲဖြစ်သလို သူ့လောက်စွာတာလဲသူပါပဲ သူများကိုပြောပြီးရင် မြန်မာပြည်ကရုပ်မြင်သံကြားလိုပဲ စကားတစ်လုံးကို ထပ်ခါထပ်ခါပြောကာ စိတ်ထဲထည့်ပြီးစားမ၀င် (၂ပန်းကန်)အိပ်မပျော်(ဆင်အော်တောင်မနိုး) ခံစားတတ်သူကြီးပါ ။ တနည်းဆိုရရင်ဖြင့် သေးသေးလေးအစ အကြီးကြီးထိ တစိမ့်စိမ့်စဉ်းစားစိုးရိမ်ပူပန်တတ်သူကြီးပါ ။ ခုတော့ သူ့ဘ၀မယ်အိုင်ဖုန်းတစ်လုံးယူပြီးသကာလ ဘလော့တစ်ခုဖြင့် ပုံများတင်ရန် ကြိုးပမ်းနေတဲ့ ဘလော့ဂါပေါက်စပိုးပိုးဆိုတဲ့နာမည်နဲ့ ဘလော့လောကကို ၀င်လာသူတစ်ယောက်ဆိုရင်လည်း မမှားပေဘူးလေ ။ သူ့ဘလော့မှာ သွားရောက်ရိုက်နှက်လို့ရအောင် လင့်ထည့်ပေးလိုက်ပါမယ် သူ့ကိုမပြောကြပါနဲ့နော် http://33poepoe.blogspot.com/ ဟိ ။
နောက်တစ်ယောက်ကတော့ အပျိုကြီးရယ်လို့အခြေကြီးပြီး စီဘောက်မှန်သမျှ လိုက်ချက် အဲလေ လိုက်ဖတ် ဘလော့မှန်သမျှမလွတ်တမ်းဖတ်လေ့ရှိတဲ့ နာမည်ကျော်စာဖတ်သူ မျိုး ဖြစ်ပါတယ် ။ လောကတွင်သူမသိတာမရှိသလို တခုခုများအသစ်ဝယ်လာရင် ကျန်သူများနားညီးလောက်အောင် ကြွားဝါ အဲလေ ပြောပြတတ်သူကြီးပါ ။ ရုပ်တည်ကြီးဖြင့် ဆရာလည်းလုပ်တတ်သူပါ ။ သူနဲ့တွေ့ချင်ဆုံချင်ရင်ဖြင့် အနည်းဆုံးတစ်ပတ်ကျော်လောက် ရက်ချိန်းယူရလေ့ရှိပါတယ် ။ အချိန်တွေအမြဲပြည့်နေတတ်ပြီး ၂၄နာရီကို ၂၅နာရီတိုးဖို့ အစဉ်အမြဲစဉ်းစားနေသူတစ်ယောက်ပါ ။ သူလည်း အချိန်ရှားပါသူတစ်ယောက်အဖြစ် ကျွန်မတို့အဖွဲ့တွင် နာမည်ကြီးသူပါ ။ အစားနဲ့လက်တစ်ခါမှပြတ်တယ်လို့မရှိပဲ အစဉ်အမြဲတခုခုစားရန် စဉ်းစားနေသူတစ်ယောက်ပါ ။
နောက်တစ်ယောက် သာသာနဲ့နာနာ နှပ်ရမယ်ဆိုရင်ဖြင့် အရင်ကဘလော့ရေးခဲ့သူ မေလေးပါ ။ သူဘလော့ရေးခဲ့စဉ်က သူနဲ့ကျွန်မတို့အဖွဲ့ သိပ်မခင်ပါဘူး ။ မသိသလောက်ပါပဲ တယောက်နဲ့တယောက် ။ နောက်သူစီဘောက်ကိုလာလည်ရင်းနဲ့မှ ကျွန်မတို့အဖွဲ့အပြင်မှာတွေ့ဆုံရန် အကြောင်းတစ်စုံပေါ်ပေါက်လာခဲ့ပါတယ် ။ သူက သူ့အိမ်မှာဆုံတွေ့ရန် အားလုံးကိုဖိတ်ခေါ်ခဲ့ပြီး စားသောက်ရန်ချက်ပြုတ်ထားမည်ဖြစ်ကြောင်း သူ့ရဲ့အဓိကပစ်မှတ် ဂဏန်းဟင်းဖြင့်ဆွဲဆောင်ပါတော့သည် ။ အမြဲငတ်နေကျ အဲလေ..ဖိတ်တိုင်းအားနာလို့လိုက်စားနေကြ ကျွန်မတို့အဖွဲ့လည်း သူ့အိမ်မှာဆုံတွေ့ရန် ၃ကြိမ်၃ခါတိတိ မဲခွဲဆုံးဖြတ်ပြီးသကာလ တခုသောစနေနေ့တွင် ချီတက်ခဲ့ကြပါသည် ။ ထိုနေ့မှစလို့ မေလေးကို ညီမအရင်းလိုသဘောထားကာ သာတယ်နာတယ်မတွက်ပဲ ဦးသူကရိုက်လေ့ရှိတဲ့ဓလေ့ဖြင့် ချစ်ခင်လာခဲ့တာ ခုချိန်တိုင်နေပါပြီ ။
နောက်တစ်ယောက်ကတော့ မထင်မှတ်ပဲစီဘောက်လာလည်ရင်း ခင်မင်ခဲ့ရတဲ့ သူငယ်ချင်း နိုမိုပါ ။ သစ်တို့စီဘောက်လာလည်စမှာ သူက ထိုင်းမှာကျောင်းတက်နေဆဲ ကာလတွေပေါ့ နောက်ထိုင်းကနေ သစ်တို့အဖွဲ့ကိုမခွဲနိုင်လို့ (ထင်တာပြောတာပါ)စင်္ကာပူလာပြီးအလုပ်လုပ်နေသူတစ်ဦးပါ ။ ဘယ်သူပြောပြောရီနေတတ်ပြီး ဟာသတခုကိုသူဆိုရင် ၂ကြိမ်ပြန်ပြောရပါတယ် ။ အမြဲသူများရီပြီးမှ ထရီတတ်သူတစ်ဦးပါ ။ သူကတော့ စီဘောက်ထဲညဘက်မှလာတတ်သလို ပိတ်ရက်တွေဟင်းချက်ပျင်းတိုင်း ဘယ်သူဘာချက်လဲ စီဘောက်မှာစောစောစီးစီးထိုင်မေးတတ်သူပါ ။ သူအနှစ်သက်ဆုံးအစားအစာဟာ မှိုဖြစ်နေတာကို ၂၀၁၁ မကူးခင်မှာ တစ်ဖွဲ့လုံးထင်ရှားစွာ သိသွားခဲ့ပါတယ် ။ ဒါကြောင့် သူ့နာမည်ကို နိုမှိုလို့ပြောင်းလဲကင်ပွန်းတပ်လိုက်သူလည်း ဖြစ်ပါတယ် ။ သစ်တို့အဖွဲ့မှာ သူ ဒီ၉၀ ကင်မရာကြီးစတင်ဝယ်သူတစ်ဦး ဖြစ်သလို ဓါတ်ပုံအရိုက်များတဲ့ ချယ်ရီ မျိုး တို့တွေ နိုမိုရဲ့ေ၀၀ါးတဲ့ ဒီ၉၀ ရိုက်ချက်တွေကြားမှာ ဘယ်တော့မှဓါတ်ပုံမရိုက်တော့ဘူး ဆုံးဖြတ်ဖြစ်ခဲ့ကြပါတယ် ။ နိုမိုကစိတ်ရှည်စွာ ရိုက်ပေးတတ်ပါတယ် အမြဲတမ်းလည်းဝါးပါတယ် သူကအမြဲတမ်းလည်း ဆင်ခြေပေးပါတယ် သူကအသစ်သင်စမို့လို့ ပုံတွေမကောင်းရင်ခွင့်လွှတ်ပါတဲ့လေ ။ ခုချိန်ထိ သူအသင်ပဲရှိပါသေးတယ် ... ဟိ ။
သစ်တို့အဖွဲ့မှာ ၂၀၁၁ ကိုလက်တွဲမဖြူတ်စတမ်းပါမလာသူ ၂ယောက်ရှိပါတယ် ။ တစ်ယောက်ကတော့ အိမ်ထောင်ကျပြီး ယောင်နောက်ဆံတုံးပါလိုက်သွားတဲ့ သစ်အရမ်းချစ်တဲ့ကလေးလေးပါ ။ မမသစ်ဆိုပြီးခုထိ လိုင်းပေါ်တွေ့ရင်ချွဲနေတုန်းပါပဲ ။ အငယ်ဆုံးလေးမို့လို့အချစ်ပိုရသလို အချိန်တန်အိမ်ထောင်ပြုတော့လည်း နှမြောရပါသေးတယ် ။ ခုတော့ သူ့ဘ၀သူ့လမ်းကြောင်းလေးနဲ့ ပျော်နေသူတစ်ဦးပေါ့လေ ။ အဖွဲ့လိုက်အပြင်သွားတိုင်း သတိရမိပါတယ် ။ သူ့ဟန်ပန်တွေလည်း မေ့ဖျောက်မရပါဘူး ။ သူကတော့ သူ့ကိုမမတွေကမချစ်တော့ဘူးဆိုပြီး အထင်မှားနေလေရဲ့..း)။ နောက်တစ်ယောက်ကတော့ လျှို့ဝှက်လွန်းသူတစ်ယောက်လို့တောင် နာမည်ပေးရမလိုပါ ။ ဒီလမှာသူ့မွေးနေ့ရှိတာလည်း အားလုံးသတိရကြပါတယ် ။ ဒါပေမယ့် သူစိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ အားလုံးကတိုးတိတ်စွာပဲ အဝေးမှာသူ့အလိုကျနေပေးလိုက်ပါတယ် ။ သူဒီလိုပုံစံနဲ့သစ်တို့အဖွဲ့ကိုဆက်ဆံတာ စိတ်ဆိုးမိပေမယ့် ဘယ်သူမှသူ့ကိုမမုန်းကြပါဘူးလေ ။ သူလည်းသူ့အကြောင်းရှိလို့နေပါလိမ့်မယ်ဆိုပြီး ခွင့်လွှတ်ပေးနေကြတုန်းပါ ။ သူအဆင်ပြေစေဖို့လဲအမြဲဆုတောင်းပေးနေကြပါတယ် ။ သူသည်လည်းတချိန်တုန်းကတော့ သစ်တို့အဖွဲ့ထဲကတစ်ယောက်ဖြစ်ခဲ့သူပါပဲ ။
နောက်ပိုင်းမှစီဘောက်ရောက်လာပြီး ညီအမတွေလိုခင်မင်ရတဲ့သူများလည်း ရှိသလို မောင်နှမတွေလိုပြောမနာဆိုမနာ ယောက်ျားလေးသူငယ်ချင်းများလည်း ရှိပါသေးတယ် ။ သစ်ဒီနေ့ရေးသားဖြစ်တဲ့ သူငယ်ချင်းတွေကတော့ သစ်ဘ၀မှာဘယ်တော့မှမေ့မရနိုင်တဲ့ သူတစ်စုပါပဲ ။ သစ်မှာငယ်သူငယ်ချင်းတွေရှိတယ် ကျောင်းတက်တော့မှခင်မင်ရတဲ့ သူငယ်ချင်းအရင်းတွေရှိတယ် ဒီအဖွဲ့လေးကတော့ အွန်လိုင်းကသိတဲ့သူငယ်ချင်းတွေပေါ့လေ ။ အမြဲတမ်းတော့တပူးပူးတတွဲတွဲနှောင်ဖွဲ့စွာနေလို့မရဘူးဆိုတာ အားလုံးရဲ့ရင်ထဲမှာအလိုလိုနားလည်ထားကြပါတယ် ။ ခုလို အမိမြန်မာပြည်နဲ့ဝေးကွာနေချိန်မှာ ညီအမတွေလို ဘာမဆိုတိုင်ပင်လို့ရတဲ့ ဘုရားပေးတဲ့ ဒီသူငယ်ချင်းတွေကို သစ်သစ်သိပ်ချစ်ပါတယ် ။ အထီးကျန်မှု တွေဝေနေမှု ငေးမောနေမှုတွေ မဖြစ်ပဲတယောက်ကိုတယောက်အစဉ်မပြတ် အားပေးလေ့ရှိတဲ့ သူငယ်ချင်း ၇ယောက် စရိုက်၇မျိုးကိုလည်း သစ်သစ်အမြဲရင်ထဲအမှတ်ရနေမှာပါ ။ သူငယ်ချင်းအားလုံးလဲ ကိုယ်ရည်ရွယ်ထားတဲ့ရည်မှန်းချက်တွေပြည့်လို့ အောင်မြင်တဲ့သူတွေဖြစ်ကြပါစေလို့ ဆုတောင်းရင်း ၂၀၁၁ ကို သစ်ချစ်တဲ့သူတို့လေးတွေပို့စ်နဲ့ နောက်ကျစွာကြိုဆိုလိုက်ပါတယ် ။

နာ ခြေထောက်မကြီးဘူးသစ် ဒီတခါတွေ့ရင် သေချာကြည့်..
ReplyDeleteနီတို့ကို ကြွားတာ အဲလေ ပြောတာ အကင်းပဲရှိသေးတယ်သိလား နောက်ဆို နာအသစ်ဝယ်တိုင်း ပြောမယ်နော် ok ?
ဒီအထိလိုက်ကြွားနေပြန်ပြီ ရှင်ချင်ပါတယ်အေ
ReplyDeleteယောကျာ်းကြီးသာဆို ဘွားချယ်က ပိုခေါ်ချင်မှာ ဟိဟိ
ReplyDeleteဘယ်မလဲ သစ်
ReplyDeleteဒင်းအကြောင်းကြ မပါဘူး ငတို့ များ ရေ၂လည်၂ တွယ်ထားတာ
ငါ့များ သေခါနီးကျနေတာပဲ အဘွားကြီးတဲ့ hit5
ဂွကျရအောင် ငါမှ ဂွကျတဲ့ဘောင်းဘီမ၀တ်တာ မဟုတ်တမ်းတရားပြောဦး hit2
ဒင်းပဲ ငါ့ကို ဘလော့ဖွင့်ပီး လူဝိုင်းရိုက်အောင်လုပ်တယ် stab
ဗစ်စတို ယောကျာ်းကြီးသာဆို တခါတည်းကို ရေဘ၀ဲရိုက် ရိုက်ခဲ့မှာ hit5
ReplyDeleteရေဘ၀ဲရိုက်ဆိုတာ ဘယ်လိုလဲ ဂွတီးဂွကျအပျိုကြီးရယ် (ရိုက်ချင်ရင် ဒီဘလော့ခ်ပိုင်ရှင် မမသစ်သာရိုက်ပါ မမသစ်အဲလိုပြောလို့ ထောလိုက်ပြောရတာပါ)
ReplyDeleteမမတွေအားလုံးကိုချစ်ပါတယ် လွမ်းပါတယ်
စလုံးမှာ ထောနဲ့အရင်းနှီးဆုံး ဒီမမတွေပဲရှိခဲ့တာ
ဒါပေမယ့် အောက်ဆုံးမှာရေးလို့ ကျေနပ်ပါဘူး
ထောကိုလဲအားလုံးကမေ့နေကြတယ် ဂရုစိုက်ကြပါဘူး ဟင့် :'(
ထောချစ်သလိုလဲ ချစ်ကြတော့ဘူးထင်ပါတယ် ၀ါးးးးးးးးးးးးးးးးးးးးး
ဝမ်းနည်း ပက်လက် မှောက်ခုံ စိတ်မကောင်းဖြစ်နေသူ ထော
ချစ်သစ် အာဘွားးးးး
ReplyDeleteသစ်လည်း ရည်ရွယ်ထားတဲ့ရည်မှန်းချက်တွေပြည့်လို့ အောင်မြင်တဲ့သူဖြစ်ပါစေလို့ ဆုတောင်းရင်း ၂၀၁၁ ကို သစ်ရဲ့ပို့စ်နဲ့ အတူ နောက်ကျစွာကြိုဆိုလိုက်ပါတယ်။
ကဲကဲ ဝမ်းနည်းပက်လက် မှောက်ခုံ စိတ်မကောင်းဖြစ်နေတဲ့ ထောကို မှတ်တမ်းတင်လိုက်ပီ camera ပြီးး မမပိုးး ပိုးမမ ဘလော့မှာ တင်လိုက်မယ် hh
သစ်သစ်က စာရေးအရမ်းကောင်းတာပဲ
ReplyDeleteဖတ်လို့ အရမ်းကောင်းတယ်
ဒီဘလောဂ့်ကို ဟိုအရင်က
စ၀င်လာတုန်းက '' ရိုးရိုးလေးပဲကွာ စာရေးချင်တယ် ''
ဆိုတဲ့ စာလေးဖတ်ပြီး တော်တော် သဘောကျဖူးခဲ့တယ်
ဒီလို ချစ်ရတဲ့ သူငယ်ချင်းလေးတွေ ရှိတာကောင်းတာပေါ့
ပျော်စရာကြီးနေမှာ။ ကိုယ်လည်း အစက ဗစ်စတာ ကို
ယောကျာ်းလေးမှတ်နေတာ တင်ထားတဲ့ ပုံကလည်း
ယောကျာ်းလေးပုံလိုလိုပဲလေ :)
နာ့စဉ်းစားနေတာ နီပို့စ်တင်ထဲက နီတို့စလာလာချင်းနေ့က ဂဏာန်းဟင်းဟုတ်ပါဘူးအေ့
ReplyDeleteဝက်သားဒုတ်ထိုး ကြာဇံကြော် နဲ့ဆီထမင်းပါ
hit5 တလွဲရေးအုန်း
hehe2
လေးယောက်မြောက်မှာမှဒလိရလို့ မကျေနပ်တဲ့သူ