Monday, December 20, 2010

သစ်နဲ့၂၀၁၀

၂၀၁၀ ကနေ ၂၀၁၁ ကူးပြောင်းတော့မယ့် လကိုကျရောက်လာပါပြီ ။ နှစ်စဉ်သုံးသပ်နေကြအတိုင်း ကိုယ့်ကိုယ်ကိုစပြီး သုံးသပ်တဲ့ပို့စ်လေးရေးဖို့ အလှည့်ကျလာပြန်ပါပြီ ။ ဒီတော့ ၂၀၁၀ မှာ သစ် ဘာတွေလုပ်လဲအရင်စဉ်းစားရပြီပေါ့ ။ ၂၀၁၀ အစပိုင်းတုန်းကတော့ ပုံမှန်နေ့စဉ်ဖြတ်သန်းမှုနဲ့ပါပဲ ဘာမှထူးထူးခြားခြားရယ်လို့မရှိပါခဲ့ပါဘူး ။

နောက် ဖေဖော်ဝါရီ မိဘဆီပြန်တယ် ။ ပြန်လာတော့ ကျောင်းတက်ဖို့အင်္ဂလိပ်စာဝင်ခွင့်ဖြေရပါတယ် ။ လှလှပပကြီးကို ကျပါတယ်ရှင် ။ ဧပြီလသူများတွေကျောင်းတက်ရတဲ့အချိန်မှာ ကိုယ်တယောက်တည်း ငေါင်စင်းစွာကျန်ရစ်ခဲ့တယ် ။ အဲ့အချိန်မှာ ကိုယ့်ရဲ့အသုံးမကျမှုတွေဟာ ပိုပြီးပေါ်လွင်လာခဲ့တယ် ။ ဘယ်တော့မှကျောင်းတက်ဖို့မကြိုးစားတော့ဘူးလို့ စဉ်းစားမိခဲ့တယ် ။ အမေရဲ့ ဒီတခါမရလည်း နောက်တခေါက်ပေါ့ဆိုတာလဲ ကိုယ့်နားထဲတိုးမ၀င်ခဲ့ပါဘူး ။ မေလရောက်တော့ အလုပ်သစ်မှာ၁နှစ်တိတိပြည့်ခဲ့တယ် ။ အလုပ်ဘက်ကို စိတ်ကိုနှစ်လို့တိုးတက်အောင် ဘယ်လိုလုပ်မလဲ စဉ်းစားတွေးခေါ်ခဲ့တယ် ။ စင်္ကာပူမှာနေတာ ၄နှစ်နီးပါးဖြစ်လာတော့ ရှင်းရှင်းပြောရရင် နေရာလေးတခုရချင်လာမိတယ် ။ ကိုယ်နဲ့သင့်တော်တဲ့နေရာလေးပေါ့ ဒီလိုနဲ့တခုခုဖြစ်အောင်တော့ ကြိုးစားမှဖြစ်မယ်ဆိုတာ အသိတရားရလာခဲ့တယ် ။ ဇွန်လ မွေးနေ့ပုံမှန်ပဲဖြတ်သန်းခဲ့တယ် ထူးထူးခြားခြားမရှိခဲ့ပါဘူး ။

ဇူလိုင်လမှာတော့ ကိုယ့်ရဲ့ပိုနေတဲ့အချိန်တွေကို အသုံးချဖို့လမ်းကြောင်းတခုပေါ်လာခဲ့တယ် ။ စတင်ပေးခဲ့တဲ့သူရော အားပေးခဲ့တဲ့သူရော ခုချိန်ထိရင်ထဲမှာကျေးဇူးတင်လျှက်ပါပဲ ။ ကိုယ်လုပ်ချင်တဲ့အရာတခုကို အစပျိုးပြီးဆက်တိုက်လုပ်ခဲ့တယ် ။ အတွေးခေါ်အမြင်မှားတွေကြားမှာ ကိုယ့်ရည်ရွယ်ချက်အတိုင်း အဆင်ပြေပြေလေးနဲ့ဖြတ်သန်းခဲ့တယ် ။ သူငယ်ချင်းအသစ်တွေရသလို အဟောင်းတွေရဲ့စိတ်ဓါတ်တော်တော်များများကို သိခဲ့ရတယ် ။ စက်တင်ဘာလမှာ ဘ၀မှာထင်မထားခဲ့တဲ့ အရာတခု ရင်ထဲမှာ ငလျင်လှုပ်သလိုဖြစ်သွားခဲ့တယ် ။ ဖြေမဆည်နိုင်ခဲ့ဘူး ခုချိန်ထိတိုင်အောင်ပဲ ဒါပေမယ့် ကံကောင်းချင်လို့ဖြစ်လာတယ်လို့ပဲ စိတ်ထဲမှာလက်ခံခဲ့တယ် ။ အောက်တိုဘာမှာ မိဘတွေရဲ့ တင်းကြပ်စွာတိုက်တွန်းမှုကြောင့် ကျောင်းဝင်ခွင့်နောက်တကြိမ်ဝင်ဖြေခဲ့တာ လွတ်လွတ်ကျွတ်ကျွတ်ကြီးပဲ တက်ခွင့်ရခဲ့တယ် ။ ၀မ်းအသာဆုံးက မိဘတွေပေါ့ သူတို့ရဲ့အပျော်တွေကိုမပျက်ဆီးရအောင် သစ်ကြိုးစားခဲ့ရတယ် ခုတိုင်လည်း ကြိုးစားနေဆဲပါပဲ ။ အခက်အခဲပေါင်းများစွာကို စက်တင်ဘာကစလို့ ရင်ဆိုင်ခဲ့ရတယ် ၀ိုင်းဝန်းကူညီပေးတဲ့သူငယ်ချင်းတွေ အားလုံးကိုလည်း သစ်ရင်ထဲမှာ အမြဲအမှတ်တရကျေးဇူးတင်နေမှာပါ ။ နိုဝင်ဘာမှာ ငယ်သူငယ်ချင်းမိသားစုနဲ့ စိတ်ပြေလက်ပျောက် ခရီးတိုလေးထွက်ခဲ့တယ် ။ ပြန်လာတော့ လူသစ်စိတ်သစ်နဲ့ တကယ့်သစ်သစ်ဖြစ်ခဲ့ပါတယ် ။ အဲဒီမှာပဲ...... ဒန် တန့် ဒန်..........း) ။

ခု ဒီဇင်ဘာရောက်ပြီ သစ်သစ်ဘာလုပ်နေလဲ ၂၀၁၀ က သစ်သစ်ကိုဘာတွေပေးခဲ့လဲ သစ်သစ်ရဲ့စွမ်းဆောင်မှုတွေ ဘာတွေထူးခြားခဲ့လဲ သုံးသပ်ရင်တော့ ကျောင်းတခုတက်ခွင့်ရတာကလွဲလို့ ဘာဆိုဘာမှ မထူးခြားခဲ့ပါဘူး ။ ဒါကတော့ နောင်ကိုယ့်အတွက်ကျန်မယ့်အရာတခုလို့လဲ သစ်သစ်ကမြင်ပါတယ် ။ သစ်ကိုအပြည့်အ၀နားလည်ပေးတဲ့ သစ်မိဘတွေရော ချစ်သူရော သူငယ်ချင်းတွေရော အားလုံးကို သစ်သစ်ကကျေးဇူးတင်ကြောင်းပြောချင်ပါတယ် ။ နောက် သစ်သစ်ပို့စ်တွေမရေးနိုင်ပဲ ဘလော့ကိုဖွင့်လိုက်ပိတ်လိုက်လုပ်နေတာတောင် အစဉ်လာရောက်ဖတ်ကြတဲ့ သစ်ရဲ့အစ်ကို အစ်မ မောင် ညီမ သူငယ်ချင်းများအားလုံးကိုလည်း သစ်သစ်ကတကယ်ကို ကျေးဇူးတင်ရှိပါတယ် ။ အားလုံးပဲ ပျော်ရွှင်ဖွယ်ရာ ခရစ်စမတ်ဟောလီးဒေးကိုဖြတ်သန်းရင်း ၂၀၁၁ကို အတူအကွကြိုဆိုလိုက်ကြရအောင်နော်.....။

4 comments:

  1. မီမိုရီကလည်း ကောင်းလိုက်တား)
    ကိုယ်ဆို ဘာတခုမှ မမှတ်မိဘူး
    နှစ်သစ်မှာ စိတ်သစ်လူသစ်
    နဲ့ ပျော်ရွှင်နိုင်ပါစေ :)

    ReplyDelete
  2. တို့လဲ ဘာမှ မမှတ်မိဘူး တိုးလဲ မတိုးတက်ဘူး. မတိုးတက်တော့လဲ မမှတ်ထားဖြစ်ဘူး. သစ်ရဲ့စာသားလေးတွေ က ခွန်အားကိုတော့ဖြစ်စေတယ်။ ဘုန်းကြီးတစ်ဆေဆိုတော့လဲခက်တယ်။ အားအင်တွေ မွေးဘို့ကြိုးစားပါဦးမယ်။

    ReplyDelete
  3. ဘုန်းကြီးတစ်ဆေ ဆိုတာ ဘာဂါ လား ငှင်ငှင်ငှင်...
    သစ်(စ) ပျော်ရွှင်ပါစေ။

    green fingers

    ReplyDelete
  4. အောင်မြင်ပျော်ရွှင်ရသော နှစ်သစ်ဖြစ်ပါစေ..

    ReplyDelete