Sunday, February 7, 2010

ပျော်ရွှင်ဖွယ်အချိန်များ

ဘလော့မရေးတာ နည်းနည်းကြာသွားပါတယ် လာလည်နေကြအစ်ကိုအစ်မ မောင်နှစ်မများကိုလည်း အားနာမိပါတယ် ။ တရက်နေ့လို့ တကြိမ်လောက်ပဲဖွင့်ဖြစ်ပါတယ် ကိုယ်တိုင်လည်းရေးချင်စရာတွေ ရှိပေမယ့် အလုပ်ကမပြန်ခင် အပြီးပေးရမယ့် ပရော့ဂျက်တစ်ခုကလည်း ရှိနေတော့ အလုပ်ကနေလည်း အရင်ကလို မရေးနိုင်တော့ပါဘူး ။

နောက်အပတ်ဆို အိုဗာတိုင်တွေတောင် ဆင်းပေးရမယ် ထင်ပါတယ် ။ အလုပ်ကလည်းများ ကိုယ်လုပ်ချင်တာကလည်း များနဲ့လူလည်းချာချာလည်နေပါတယ် ။ ဒါပေမယ့် အစဉ်အမြဲ သတိရလျှက်ပါ .. ဟိ ။ ဒါတောင်ကြားရက်မှာ စိတ်ရှုပ်ရှုပ်နဲ့ မျိုး တို့ ညညတို့နဲ့ ညဘက်ကြီးဒူးရင်းသီးဘက် သွားထိုင်ဖြစ်ကြသေးတယ် ပျော်စရာကြီး ..... ။ သောကြာနေ့ ညနေကတည်းက လာပေးလိုက်တဲ့ လူကြုံတွေ မရပ်မနားပါပဲ ။ ကိုယ့်လက်မှတ်မှာ ကီလိုမပါတော့ ဆိုင်ကိုပြန်သွားပြီး လက်မှတ်အသစ်လည်း ပြန်ထုတ်ရပါသေးတယ် ။ အခွန်ဆောင်ဖို့ကလည်း လုပ်ရပြန်တယ်လေ တကယ်တည်းကို ယောက်ယက်ခတ်တဲ့ အပတ်ပါပဲ ။

စနေမနက်ကလည်း သယ်ရမယ့်ပစ္စည်းတွေနဲ့ ဖယ်လိုက်ချန်လိုက် တော်တော်ကိုအလုပ်များနေတယ်လေ ။ ထမင်းတောင် နေ့လည်အချိန်တော်တော်ကျော်မှ စားဖြစ်တယ် ။ ညနေပိုင်းသူငယ်ချင်းတစ်ယောက်မွေးနေ့ကိုလည်း ပြေးပြေးလွှားလွှား သွားဖြစ်လိုက်ပါတယ် ။ အစကတော့နောက်တစ်နေရာကို ထပ်ချီတက်ဦးမလို့ပါပဲ လူမစုံတာနဲ့ပဲ အကယ်ဒမီပေးပွဲကို ပြီးအောင်ထိုင်ကြည့်လိုက်တာ ည၁နာရီထိုးသွားတယ်လေ ။ ကုန်ပြန်ပေါ့ စနေညရယ်.....လွမ်းတယ် ။

တနင်္ဂနွေ အလုပ်များတာကတော့ မိုးလင်းကတည်းကပဲ သန့်ရှင်းရေးကကိုယ့်အလှည့်ဆိုတော့ စောစောလေးထလုပ်ပြီး မင်္ဂလာဆောင်တစ်ခုကို သွားရပြန်တယ်လေ ။ နောက် ၁၂နာရီချိန်းထားတဲ့ နတ်သမီးလေးများအဖွဲ့ရဲ့ အသုတ်စုံအစီအစဉ်ကို အမှီပြေးရပြန်တယ်လေ ။ ရောက်တဲ့အချိန်မှာ ဒုတိယမြောက်အကြော့ဖြစ်နေကြပြီလေ ။ ရောက်ကတည်းက ၀တုတ်မလေးကိုစနေတာ ပြန်တဲ့အထိပဲ ...။ နှုတ်ခမ်းကြီးထော်ပြီး ပြန်သွားတာ ခုတောင်စိတ်ပြေရဲ့လားမသိဘူး ။ ထောလေးရေ စိတ်ပြေပြီလားကွယ်.....။ ဒီတစ်ခါနတ်သမီးအဖွဲ့မှာ ဓါတ်ပုံရိုက်မယ် အကျီလဲပါ ဘယ်လိုပြောပြောမလဲတဲ့ အိမ်ကြီးရှင်ရယ် လမ်းကူးတာတောင် စမ်းပြီးကူးနေရတဲ့ မျက်မှန်မော်ဒယ်ဘွားဘွားရယ် ပြောသမျှရီပြီး အစားအစာမှန်သမျှကို မျှဉ်းပြီးစားတဲ့ တောင်ငူသူညီအမ ၂ယောက်ရယ် လှပတဲ့နတ်သမီးလေးတစ်ယောက်ရယ် ပါတယ်လေ ။

စလုံးရောက်တာ ၃နှစ်ပြည့်ခါနီးမှ မာတီမီဒီယာမက်ဆေ့ပို့နည်းကို ပြင်းပြင်းထန်ထန်သင်ယူနေတဲ့ ဘွားဘွားကိုလေးစားပါတယ်ရှင်...။ တယ်လီဖုန်းတစ်လုံးနဲ့ ခြေဦးတည့်ရာ သွားနေတဲ့ ကင်မလာမန်းညညကတော့ ရထားကြီးထွက်ခါနီးတိုင်အောင် ဓါတ်ပုံများကို စွန့်စွန့်စားစား ရိုက်ယူသွားပါတယ် ။ အသုတ်များကို အနစ်နာခံကာ လက်ကျန်ရှင်းတမ်းဖွင့်နေတဲ့ ကလေးငယ်တစ်ယောက်ရဲ့ပုံများကိုတော့ စာနာသနားစွာ မတင်တော့ပါဘူး ။ ဘွားသက်ရှည် နဲ့ မီးမီးငယ်တို့ ကြမ်းပြင်ပေါ်တွင် လူးလှိမ်းကာကစားနေသောပုံများကတော့ဖြင့် မြင်သူအူနှိပ်ရယ်ချင်စရာပါ ။ အိမ်ရှင်ရဲ့ နာ့မှာလည်း ဒီအကျီပဲရှိနေသလိုပဲဆိုတဲ့ ညှိုးငယ်တဲ့အသံနဲ့ညည်းနေပုံက ကြားသူတိုင်းသနားချင်စရာပါ ။ ပဲပြားထုတ်ကြီး ရင်ဝယ်ပိုက်ကာပြန်သွားရတဲ့ ဘွားသက်ရှည်ရဲ့စတိုင်ကတော့ လန်ထွက်နေပါတယ် ။ ၁၀နာရီလောက်ကတည်းက အဝေးကနေငတ်ကြီးကျနေတဲ့ ဗစ်ခင်ဗျာလည်း နတ်သမီးများနဲ့မပက်သက်ချင်တော့ ဆာဗာကြီးနဲ့ညားပြီး ရုံးကိုအူးယားဖားယားပြေးရတော့လေသတည်း ....။ ဒီတပတ်တော့ ဒိုင်ယာရီကို ဒီလောက်နဲ့ပဲအဆုံးသတ်ပါတော့တယ် ။ အဖွဲ့လိုက်ပုံများ တကယ်ကြည့်လို့ကောင်းပါသော်လည်း အများဆန္ဒအရပုံများ မတင်တော့ပါဘူး ။ ဒါပေမယ့် ပျော်စရာကောင်းတဲ့ ပိတ်ရက်လေးဖြစ်ပြီး ဘ၀ရဲ့အမှတ်ရစရာနေ့ရက်လေး အဖြစ် အသက်သွင်းခဲ့ကြတယ်လေ ။ သူငယ်ချင်းများအားလုံး သစ်ကျေးဇူးတင်ကြောင်း ဒီပို့စ်လေးနဲ့ပြောလိုက်ပါတယ် ။




7 comments:

  1. သူငယ်ချင်းများအားလုံး ကျေးဇူးတင်ကြောင်း ဒီကနေပဲ ပြောလိုက်ပါတယ် ။

    btw, လှပတဲ့နတ်သမီးလေးတစ်ယောက် ဆိုပါလားး cf

    ReplyDelete
  2. အခုတစ်ထိ ဆာဗာကြီးနဲ့ ညားနေရတုံး မပြန်ရသေးဘူး ဟူးးဟူး .. အသုတ်သာလာစားမိရင် ပိုရင်နာရမယ် ..သုတ်ပီးလို့ စားခါနီးကျမှထပြေးရမှာလေ .. နိုချင်တယ် ဗြဲ ...

    ReplyDelete
  3. နာဘယ်သူလဲဆိုတာ မပြောပါဘူး..
    နတ်သမီး၁ယောက်ပါတယ်ဆိုတော့ ငှင်း ငှင်း..

    အင်္ကျံကလဲစရာမရှိလို့လေ..
    လူကြားထဲ အခွက်ရှဲတယ်..

    ReplyDelete
  4. ငါတော့ တော်တော် အသည်းနာပါတယ်
    ဒင်းရေးတဲ့စာဖတ်တိုင်း အသည်းနာတယ်
    အသုပ်စုံစားရတာနဲ့ မကာမိအောင်ပါပဲ
    ဒါတောင် နောက်မှ ရောက်လာလို့  အစောသာရောက်ရင် ငတို့ တွေ တယောက်မှ ရစရာရှိမှာမဟုတ်ဘူး
    ဗစ် နင်ကံသိပ်ကောင်းတယ် မလာဖြစ်တာ မဟုတ်ရင် အိမ်သာစောင့် နတ်သမီး တုတ်ပြဲရဲ့ လက်စာမိမှာ အသေအခြာပဲ

    ReplyDelete
  5. rof rof rof

    ထောလား စိတ်က မပြေတပြေ မမသစ်

    ရေးတာရီရတယ် rof rof rof

    ReplyDelete
  6. ဒါလဲနာ့မသိလိုက်ပြန်ဘူး

    ReplyDelete
  7. အဲ့တုန်းက သူကဖြင့် မင်လာပြန်ဆောင်နေတာကိုး

    ReplyDelete