Monday, May 28, 2012

တတိယအကြိမ်မြောက် ဆွမ်းကပ်ပွဲလေး

သစ်သစ်တို့အဖွဲ့လေး ၂၇.၅.၂၀၁၂ နေ့မှာ တတိယအကြိမ်မြောက် ဆွမ်းကပ်လှူဒါန်းနိုင်ခဲ့ပါပြီ ။ ၃ကြိမ်မြောက်တိုင်အောင် စိတ်အားထက်သန်စွာ စိတ်တူကိုယ်တူလက်တွဲမဖြုတ်တမ်းပါဝင်ခဲ့ကြသော ချစ်သူငယ်ချင်းများကို သစ်သစ်ကကျေးဇူးအများကြီးတင်ရှိကြောင်း ဒီပို့စ်လေးကနေပြောလိုက်ပါရစေနော် ။ ပထမဆုံးအကြိမ်မြောက်ကနေ ဘယ်နှစ်များထိတိုင်အောင် အတူတကွလှူဒါန်းခွင့်ရမယ်ဆိုတာမသိပေမယ့် ခုနေချိန်ထိ တက်တက်ကြွကြွနဲ့ပျော်ရွှင်စွာ ကုသိုလ်ရေးအလုပ်များကိုလုပ်ကိုင်ခွင့်ရတယ်ဆိုကတည်းက နည်းတဲ့အထုံရေစက်မှမဟုတ်ပေပဲလေ ။ နောင်တချိန်တစ်ယောက်တစ်နေရာစီကွဲကွာသွားချိန်မှာ ငါတို့တွေဟိုစဉ်က ဒီလိုအတူတကွ အလှူအတန်းတွေလုပ်ခဲ့ဖူးကြတယ် ဒီလိုတွေရယ်မောပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြဘူးတယ်ဆိုတဲ့ အသိလေးက သစ်တို့နှလုံးသားမှာအမြဲထာဝရ နွေးထွေးနေတော့မှာ သေချာပါတယ် ။ ဒီလိုကျွန်းနိုင်ငံလေးမှာ တခဏတာနားခိုရင်း ဘူတာရထားဆိုက်ကပ်ချိန်မှာ တွေ့ဆုံလက်တွဲခွင့်ရခဲ့တဲ့ ဒီသူငယ်ချင်းကောင်းလေးတွေနဲ့ မြဲသောမေတ္တာ စစ်မှန်သောစေတနာတွေနဲ့ လက်တွဲမဖြုတ်တမ်း ဒါထက်မက အတူတကွလှူနိုင်တန်းနိုင်ပါစေလို့ ဆုတောင်းရင်း......။














အထူးဧည့်သည်တော် မှုံနံသာ








အချိုပွဲတွက် ပြင်ဆင်ထားပုံ








ဆွမ်းမကပ်မီ ပြင်ဆင်ထားပုံ

ဆက်ဖတ်ချင်သေးရင်...